အခန်း (၃) - အဖွဲ့ဖျက်သိမ်းခြင်း
အမျိုးသားတစ်ယောက်က စွန့်ပစ်ထားသည့် စက်ရုံဆီ ဒယိမ်းဒယိုင် လျှောက်လှမ်းလာသည်။ သူ့နောက်တွင် ဇွန်ဘီအုပ်ကြီး ပါလာသောကြောင့် စက်ရုံအတွင်း အမြန်အဆန် ဝင်လိုက်ရသည်။ ထို့နောက် သူ့နောက် လိုက်လာသည့် ဇွန်ဘီများကို တားရန် တံခါးချပ်ကြီးကို ချက်ချင်း ဆွဲချလိုက်ပြီး ပိတ်လိုက်သည်။
ထိုအမျိုးသားက ဆိုးဆိုးရွားရွား အခြေအနေနှင့် နောက်ဆုတ်လာပြီး သူ့ခြေထောက်က တစ်ခုခုကို ခလုတ်တိုက်ကာ ကြမ်းပြင်ပေါ် လဲကျသွားသည်။
စွပ်ခနဲအသံနှင့်အတူ သူ့လက်ထဲ တစ်ခုခု ဆုပ်ကိုင်မိလိုက်သည်။
ထိုအမျိုးသားက သူ့လက်ထဲမှ အရာကို ငုံ့ကြည့်လိုက်သည့်အခါ လက်ပေါ်မှ သွေးအိုင်အတွင်း အနက်ရောင်စူးတချို့က သူ့လက်ဖဝါးထဲ နစ်ဝင်နေသည်။ သူက နာကျင်မှုကြောင့် ချက်ချင်း ဆွဲနှုတ်လိုက်သည်။
ကပ်ဘေးစတင်ပြီးနောက် ထူးထူးဆန်းဆန်းအရာများစွာ ပေါ်ပေါက်လာလေရာ ဤအရာများက အဆိပ်ရှိလား၊ မရှိလား မည်သူက သိမည်နည်း။
သူက အနက်ရောင်စူးကို ဆွဲနှုတ်လိုက်ပြီးနောက် သူ့လက်မောင်းရှိ ဒဏ်ရာမှာ ချက်ချင်း ပျောက်ကွယ်သွားကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။ ဤသည်မှာ ဇွန်ဘီ ကိုက်ရာ ဖြစ်ပြီး သူက သေချာပေါက် ကူးစက်ခံထားရသည်။ သူက ထိုအရာကို သိထားသော်လည်း ဇွန်ဘီအုပ်၏ သတ်ဖြတ်စားသောက်မှုကို မခံချင်ပေ။ ထိုအရာက နာကျင်လွန်းလောက်သည်။
သို့သော်လည်း ယခု ဒဏ်ရာက အစရှာမတွေ့လောက်အောင် ပျောက်ကင်းသွားပြီး သူ့လက်မောင်းမှ ဇွန်ဘီဗိုင်းရပ်သည်လည်း ပျောက်ကွယ်သွားသည်။
အဲဆို သူက ကူးစက်မခံရဘူးလား ....
ထိုအမျိုးသားက အံ့ဩမှုနှင့်အတူ ပျော်ရွှင်မိနေသည်။ သူက အမည်မသိ သက်ရှိကို ဂရုတစိုက် စူးစိုက်လိုက်ပြီးနောက် သူ ဆုပ်ကိုင်ထားသည့်အပြင် နောက်ထပ် သုံးခုရှိနေသေးကြောင်း တွေ့လိုက်ရသည်။ သူတို့က ကလေးလက်သီးအရွယ်လောက်သာ ရှိကြ၏။
DU LIEST GERADE
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်