အခန်း (၁၁၈)
ရှုရှန်ဖေးအနေနှင့် သူမကို ကူညီပေးမည့်သူများအားလုံး မျက်လုံးနီဇွန်ဘီအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အတွက် အခြေအနေ မကောင်းကြောင်း သိကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်
" ဝမ်ချင်းလင် ငါ့ကို သတ်ရဲသတ်ကြည့် အလယ်ပိုင်းဧရာမမြို့တော်တစ်ခုလုံးကို နင်နဲ့အတူ မြေမြှုပ်ပေးလိုက်မယ်"
ဝမ်ချင်းလင်၏ လက်ထဲတွင် သစ်သားချွန်တစ်ခု ထွက်ပေါ်လာကာ ပြောလိုက်သည်
" ဘယ်သူက နင့်ကို အဲလောက်အထိ မျက်နှာသာပေးထားမှာလဲ။ နင်နဲ့အတူ အလယ်ပိုင်းဧရာမမြို့တော်ကို မြှုပ်နှံပစ်မယ်လို့ ပြောရအောင် အလယ်ပိုင်းဧရာမမြို့တော်ရဲ့ အမြင်ကိုရော မေးပြီးပြီလား"
ဝမ်ချင်းလင်က ရုတ်တရက် ရှုရှန်ဖေး၏ ရှေ့တွင် ထွက်ပေါ်လာကာ သစ်သားချွန်ဖြင့် နှလုံးသားကို တွေဝေခြင်းမရှိ ထိုးစိုက်လိုက်သည်။
ရှုရှန်ဖေးက မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးမျက်ဆံပြူးဖြစ်နေကာ ပါးစပ်ထဲမှ သွေးများအန်ထွက်လာသည်။ ဝမ်ချင်းလင်က ညစ်ပတ်သော သွေးများဖြင့် စွန်းထင်းမှုကို ရှောင်ရှားရန်အတွက် အမြန် နောက်ဆုတ်လိုက်သည်။
ရှုရှန်ဖေး၏ မျက်နှာက ရှုံ့တွနေကာ ဆက်တိုက် သွေးအန်နေရင်း ပြောလိုက်သည်
" ဝမ်ချင်းလင် ... နင်တကယ်ပဲ လုပ်ရဲ..."
ဝမ်ချင်းလင်က ဂရုမစိုက်သည့်ပုံစံဖြင့် ပြောလိုက်သည်
" နင် တင်နေတဲ့အကြွေးက လွယ်လွယ်ဆပ်လို့ မရဘူးလေ"
သေနတ်သံ ထွက်ပေါ်လာပြီးနောက် စွမ်းအားဗုံးက ဝမ်ချင်းလင်ဆီ ဝင်ရောက်ခါနီးဖြစ်နေသော်လည်း အသာရှောင်ရှားလိုက်သည်။ သေနတ်ပစ်သံကို ဆက်တိုက် ကြားနေရပြီး ဝမ်ချင်းလင်ကလည်း ဆက်တိုက် ရှောင်ရှားနေသည်။
ရှောင်ဟန်၏ လက်ထဲရှိ စနိုက်ပါဖြင့် တိုက်ခိုက်သူကို လက်ပြန်တိုက်ခိုက်လိုက်သည်။
သေနတ်နှစ်လက် မျက်နှာချင်းဆိုင်လာသည့်အခါ သူတို့နှစ်ယောက်လုံး ဘာမှမလုပ်ကြတော့ပေ။
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်