အခန်း(၁၃၂)

2.1K 344 3
                                    


အခန်း (၁၃၂)

မီယန်က ဝမ်ချင်းလင်အား အလန့်တကြား ကြည့်လိုက်ပြီး " မင်း ရူးနေပြီလား။ အဆင့် ၆ နဲ့ တွေ့တာတောင် ထွက်မပြေးဘဲနဲ့ နောက်ကနေ လိုက်ဖမ်းဦးမလို့လား "

ဝမ်ချင်းလင်က စိတ်လှုပ်ရှားမှုအပြည့် အကြည့်များဖြင့် ဇွန်ဘီအုပ်ကြား ခေါင်းဆောင်ကို ရှာဖွေလိုက်သည်။

"ခေါင်းဆောင်က အမျိုးသားကွ ... သူ့ကြည့်ရတာ ရင့်ကျက်ပုံပဲ။ သွေးအလောင်းကောင်နဲ့ ညီအစ်မနှစ်ယောက်ထက် ပိုစိတ်ချရလောက်တယ်"

မီယန်က မူးဝေဝေဖြင့် "ဇွန်ဘီမျက်နှာကနေ ရင့်ကျက်မှုကို မြင်ရတယ်ဆိုတော့ မင်းက ဆရာကြီးပဲ "

ဝမ်ချင်းလင်က ဇွန်ဘီတွေကြား တိုးဝေ့လာသည့်အခါ ခေါင်းဆောင်က ဝမ်ချင်းလင်၏ ရည်ရွယ်ချက်ကို အာရုံခံမိဟန်ဖြင့် လှည့်ထွက်ပြေးတော့သည်။

ဝမ်ချင်းလင်က နောက်ကနေ ဆက်လိုက်ဖမ်းလေသည်။ ဝမ်ချင်းလင်က လိုက်ဖမ်းရင်း အော်ပြောနေသည် " အဆင့်မြင့် အရာရှိ မဖြစ်ချင်ဘူးလား ... လာပါ ဆွေးနွေးရအောင်လေ "

ခေါင်းဆောင်က မာန်ဖီကာ အလျှင်အမြန် ပြေးတော့သည်။ သူ့လည်ပင်းတွင် ဆွဲကြိုးတစ်ခု ချိတ်ဆွဲထား၏။

ဝမ်ချင်းလင်က ခါးသီးစွာ ပြောလိုက်သည် "မပြေးပါနဲ့တော့ ... "

ခေါင်း‌ဆောင်က ဆက်ပြေးလိုက်သည် " ဝူးဝူး "

ကားလေးဘီးက မရှုံးပေ။

ထို့နောက် ကောင်းကင်ပေါ်မှ အမျိုးသမီး ဇွန်ဘီ ကျလာကာ ကားကို ရိုက်ချလိုက်သည်။ မှန်က ကြေမွသွားလေသည်။ အမျိုးသမီး ဇွန်ဘီက သူမ၏ ချွန်ထက်နေသည့် လက်သည်းများဖြင့် ဝမ်ချင်းလင်အား တိုက်ခိုက်လိုက်သည်။

ဝမ်ချင်းလင်က အမျိုးသမီး ဇွန်ဘီ လက်ကောက်ဝတ်ကို ဆွဲကာ ချိုးလိုက်တော့မည့်ဆဲဆဲတွင် ...

" သူမကို နာကျင်အောင် မလုပ်ပါနဲ့ " မီယန်က မျက်လုံးအပြူးသားဖြင့် ဝမ်ချင်းလင် လက်ကို တင်းတင်းဆုပ်ထားလိုက်သည်။

ဝမ်ချင်းလင်က ရပ်လိုက်သည့်အခါ အမျိုးသမီး ဇွန်ဘီက အခွင့်အရေး အရယူရင်း နောက်ထပ် လက်သည်းဖြင့် ဝေ့ယမ်းလိုက်သည်။ သူမကို သတ်၍ မဖြစ်သောကြောင့် ဝမ်ချင်းလင်က ဘရိတ်အုပ်လိုက်သည့်အခါ အမျိုးသမီး ဇွန်ဘီက လွှင့်စင်သွားလေသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Où les histoires vivent. Découvrez maintenant