အခန်း (၆၂)
မနေ့ညကနေ အခုအထိ ဝမ်ချင်းလင်က အိမ်ပြန်မရောက်သေးပေ။
ကျိရုန်နှင့် ရှစ်ချုံးတို့လည်း ဇွန်ဘီယဉ်များအတွက် ဧည့်သည်တော်များ ဖြစ်နေကြလေပြီ။ ဝမ်ချင်းလင်က သူတို့အတွက် သီးသန့်ခွင့်ပြုပေးထားပြီး စခန်း၌ နေခွင့်ပေးထားသည်။ အိမ်သစ် ရှာလျှင်လည်း ရသလို ရှောင်ဟန်၏ အိမ်တွင် နေလျှင်လည်း ရပေသည်။
ဝမ်ချင်းလင် အိမ်ကပ်လျက်ရှိ ဗီလာကို ရှောင်ဟန်အတွက် နေရာချပေးထားလေရာ နောင်အခါကျ ရှောင်ဟန်အတွက် အိမ် ဖြစ်လာလိမ့်မည်။
ဝမ်ချင်းလင်က တံခါးဖွင့်ဝင်လာသည်နှင့် ဧည့်ခန်းအတွင်း ထိုင်နေသော သူ့မိဘများကြောင့် လန့်ဖြတ်သွားရသည်။ မှောင်မှောင်မည်းမည်းထဲ အရိပ်နှစ်ခု ရုတ်ချည်း ပေါ်ထွက်လာသည်မှာ ထိတ်လန့်ဖွယ်ကောင်းလှသည်။
ဝမ်ချင်းလင် " ... "
ဝမ်ချင်းလင် " ဘာလို့ မနားသေးတာလဲ။ အမေက အလှအပအိပ်ချိန်တွေ မမက်တော့ဘူးလား "
ကျန်းလန်က ဝမ်ချင်းလင်ကို ဆိုဖာပေါ် ဆွဲချလိုက်ပြီး " ဟူး ... အမေ့ကို ရိုးရိုးသားသား ဖြေနော်။ မင်း ရှောင်ရှောင်ကို ယူမှာလား "
ဝမ်ချင်းလင်က ခဏတာ တွေးလိုက်ပြီးနောက် သူက သူ့အား အသွင်ပြောင်းခဲ့သော်လည်း သူ့စိတ်ကိုမူ သေချာမသိရသေးသောကြောင့် ယူလိုက်ပြီဟု မှတ်ယူ၍ မရသေးပေ။
ဝမ်ချင်းလင်က ခေါင်းခါကာ "မယူရသေးဘူး "
ဝမ်ကျန်းက သက်ပြင်းချလိုက်ပြီး " ငါ ပြောပါတယ်။ ရှင်မက အတွေးလွန်နေတာပါလို့"
ကျန်းလန်က ဆူလိုက်သည် "ပါးစပ်ပိတ်ထားစမ်းပါရှင် "
ဝမ်ကျန်းက နာနာခံခံ ပါးစပ်ပိတ်ထားလိုက်ပြီး ဘာမှမပြောရဲတော့ပေ။
ကျန်းလန်က စားပွဲခုံအောက်မှ သန့်ရှင်းရေး လုပ်တဲ့ ကြက်မွေးကို ဆွဲကာ သူမသားကို အရင်ရိုက်တော့သည်။
ဝမ်ချင်းလင်က အမြန်ဆုံးနှုန်းဖြင့် ထခုန်ကာ သူ့အဖေနောက် ဝင်ပြေးတော့သည် "အဖေ သားကို ကာပေးဦး "
ŞİMDİ OKUDUĞUN
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Aksiyoneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်