အခန်း (၉၈)
ရှုရှန်ဖေးက မြို့ထဲ ဘယ်လိုဝင်သွားစေကာမူ သူတို့သုံးယောက်တော့ ပွင့်လင်းမြင်သာ မဝင်နိုင်ပေ။
ရှောင်ဟန်နှင့် လုထျန်းကျင့်တို့၏ သွေးကို မဆိုထားနှင့် ဝမ်ချင်းလင် တစ်ယောက်တည်း၏ သွေးကပင် ဗုံး ဖြစ်နေလေပြီ။ ဇွန်ဘီများက သူ့သွေးတစ်စက် စွမ်းအားကိုပင် မခံနိုင်ကြပေ။ အကယ်၍ လူသားတွေသာ ရရှိသွားပါက အကျိုးဆက်ကို စိတ်ကူးကြည့်၍ ရမည် မဟုတ်ချေ။ အထူးသဖြင့် မငြိမ်သက်မှု ဖြစ်၏။ သန္ဓေပြောင်းခြင်း လက္ခဏာများက လူများကို ခေါင်းပြောင်သွားစေနိုင်လောက်သည်။ မည်သူကမှ ဝမ်ချင်းလင်၏ သွေးသည် သက်ရှိများကို သန္ဓေပြောင်းစေနိုင်ကြောင်း မသိထားကြပေ။
တံခါးကနေ မြင်မြင်သာသာ မဝင်နိုင်မှတော့ နံရံကျော်တက်ရမှာပေါ့ ...
ဝမ်ချင်းလင်က အကြံကောင်းတွေးမိသည်ဟု ခံစားမိကာ ရှောင်ဟန်၏ မသည်းမကွဲ အမူအရာများအောက် နံရံကျော်တက်ဖို့ အသင့်ဖြစ်နေလေပြီ။
ရှောင်ဟန်က နံရံကျော်တက်စရာ မလိုပေ။ သူက လေဟာနယ် လှုပ်ရှားမှုဖြင့် အထဲဝင်သွားနိုင်သည်။ ဝမ်ချင်းလင်နှင့် လုထျန်းကျင့်တို့ နှစ်ယောက်သာ နံရံကျော်တက်ရမည် ဖြစ်၏။
ရှောင်ဟန်က သူတို့အတွက် နေရာရှာပေးထားပြီး ဝမ်ချင်းလင်က သစ်သားစွမ်းရည်ကို သုံးကာ နံရံထောင့်မှ နွယ်ပင်အတုတ်ကြီး ထွက်လာပြီး မြွေတစ်ကောင်လို အလျှင်အမြန် အပေါ်တက်သွားလေသည်။
ဝမ်ချင်းလင်၏ ခုန်နိုင်စွမ်းဖြင့် မီတာတစ်ရာ မြင့်မားသည့် ချောမွေ့နေသော နံရံထက်တွင် လက်လျော့ထားရသည်။ သူက နံရံကို မတက်နိုင်ဘဲ နွယ်ပင်အကူဖြင့်သာ ခုန်တက်လိုက်ရသည်။ သို့သော် သူက ခုန်ချဖို့ တုံ့ဆိုင်းမနေပေ။
သူက မတက်နိုင်သော်လည်း ခုန်ချနိုင်လေ၏။
လုထျန်းကျင့်၏ အမြန်နှုန်းက ဝမ်ချင်းလင်ထက် နောက်ကျသော်လည်း ကံကောင်းစွာဖြင့် သူလည်း အန္တရာယ်မရှိ တက်လာနိုင်လေသည်။ ဝမ်ချင်းလင်က သစ်သားစွမ်းရည်ကို ပြန်ရုတ်သိမ်းလိုက်သည့်အခါ နွယ်ပင်အတုတ်ကြီးက အမှုန့်အဖြစ် ပြောင်းသွားပြီး မြေပေါ် ကျသွားသည်။
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်