အခန်း (၈၅)
ဖန်ကျန်း စကားပြောနေသည့် အချိန်တွင် ဝမ်ချင်းလင်က သူ့ကို တစ်ချိန်လုံး စိုက်ကြည့်နေပြီး သူ ပြောနေသည်များက အမှန်တရား ဟုတ်၊ မဟုတ် ဆန်းစစ်နေသည်။ ဤလူက အရမ်းဉာဏ်များသည်။
သူ အသက်ရှင်ဖို့အတွက် ဘယ်လိုလုပ်ပြီးတော့ တစ်ခုခုကို ဖုံးကွယ်ရဲမှာလဲ။ သူ သိသမျှ ပြောပြပြီးတော့ ရှုရှန်ဖေးနဲ့ ပထမဆုံး စတွေ့ကတည်းက အီစီကလီ လုပ်ခဲ့တယ်ဆိုတာကိုပါ ပြောပြခဲ့တယ်လေ
ရှောင်ဟန်က မေးလိုက်သည်
" သူမက မင်းရဲ့ ကျောပိုးလွယ်အိတ် ယူသွားတယ်ဆိုတာ သေချာလား"
ဖန်ကျန်းက ရှောင်ဟန်ကို သေချာပြောပြလိုက်သည်
" ငါ့မျက်လုံးနဲ့ သေချာမြင်ခဲ့တာ။ တကယ် ဟုတ်တယ်။ သူမ ငါ့နောက်ကို လိုက်နေတာ သတိထားမိတယ်။ အဓိကရည်ရွယ်ချက်က ငါ ဆိုပေမဲ့ သွေးအနီမိုနီကို ကံကောင်းစွာနဲ့ ရှာတွေ့သွားခဲ့တယ်။ မင်းတို့ ငါ့ကို ရှာတွေ့လို့လည်း အပိုပဲ။ ငါ့မှာ သွေးအနီမိုနီ တကယ် မရှိတော့ဘူး"
နောက်ဆုံး သွေးအနီမိုနီက ရှုရှန်ဖေး၏ လက်ထဲသို့ ရောက်သွားသည်ကို အတည်ပြုပြီးနောက် ရှောင်ဟန်နှင့် ဝမ်ချင်းလင်တို့ တစ်ချိန်တည်းမှာပဲ မျက်မှောင်ကြုတ်လိုက်မိကြသည်။
သွေးအနီမိုနီက ရှုရှန်ဖေး၏ လက်ထဲတွင် အသွင်ပြောင်းသွားမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။ မျက်လုံးနီဇွန်ဘီက ယင်ချန်းလွေ့၏ စစ်တပ်ကို တိုက်ခိုက်ပြီးနောက် ဟယ်လင်းကိုပါ တိုက်ခိုက်ခဲ့သည်။
ရှောင်ဟန် နားမလည်နိုင်တာက သန္ဓေပြောင်း သွေးအနီမိုနီက အဆိပ်ငွေ့တွေ ပက်ဖြန်းခဲ့တယ်ဆိုရင် အသက်ရှင်နိုင်တဲ့သူရော ရှိပါ့မလား
ဘယ်သူမှ မရှင်သန်နိုင်ဘူးဆိုရင် သံချပ်ကာ တပ်က ချန်သွားတဲ့ နောက်ဆုံး ကားသုံးစီးက ဘာတွေ ဖြစ်သွားတာလဲ
ရှောင်ဟန်က ထိုကိစ္စအပေါ်တွင် တွေဝေနေသည်။
ရှောင်ဟန်က ဝမ်ချင်းလင်ကို ကြည့်လိုက်သည့်အခါ သူ့မှာ ပြောစရာ ရှိနေသည်ကို ဝမ်ချင်းလင် သိလိုက်သည်။ ထို့ကြောင့် အပြင်ထွက်မလို့ လုပ်နေစဉ် ဖန်ကျန်း၏ အသံထွက်ပေါ်လာသည်
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်