အခန်း(109)

3K 429 8
                                    


အခန်း (၁၀၉)

ကျန်းရှင်းက ဝမ်ချင်းလင်ကို မြင်မြင်ချင်းကတည်းက မုန်းတီးနေခဲ့သည်။ မိန်းကလေးအဆောင်များတွင် ညတိုင်း ဝမ်ချင်းလင်က ဘယ်လောက်ထိ ရုပ်ချောကြောင်းနှင့် အသံက ဘယ်လောက်အထိ နားထောင်လို့ကောင်းကြောင်း ပြောနေသည်ဟု ကြားသိခဲ့ရသည့်အတွက် သူ ဝမ်ချင်းလင်ကို ပိုမို မုန်းတီးနေမိသည်။

ဝမ်ချင်းလင်က လိင်တူကြိုက်သည်ဆိုတာကို သိပြီးနောက် သူ့ကို ချောက်ချဖို့အတွက် အင်အားစိုက်ထုတ်စရာပင် မလိုတော့ပေ။

သူက ကျောင်းရှိ မိန်းကလေးများကြားတွင် နာမည်ကျော်ကြားသော ဝမ်ချင်းလင်က လိင်တူကြိုက်သည့် နှာဘူးဆိုတာကို အားလုံးကို သိသွားစေချင်သည်။

သူ၏ ဝါဒဖြန့်မှုအောက်တွင် ဝမ်ချင်းလင်ကို မုန်းသောသူ အများအပြား ရှိလာခဲ့သည်။ ကျန်းရှင်း နားမလည်နိုင်သည်က ထိုအကြောင်းကြောင့် ဝမ်ချင်းလင်ကို မိန်းကလေးများက ပိုမိုသဘောကျသွားခဲ့ကြသည်။ သူတို့က ဝမ်ချင်းလင်အကြောင်းကို ညတိုင်း ဆွေးနွေးနေဆဲ ဖြစ်သည်။ သူ့ရဲ့ အနာဂတ် ကောင်လေးက ဘယ်လိုရုပ်ရည်၊ ဘယ်လိုအသံမျိုး ရှိမည်ဆိုတာကို ဆွေးနွေးကြသည့်အတွက် ကျန်းရှင်းက သူ့ကို ပိုမိုမုန်းတီးသွားခဲ့သည်။

ယခု သူက ဝမ်ချင်းလင်၏ လက်ထဲ ကျရောက်သွားသည့်အတွက် သူ့မှာ ဘာမှပြောစရာမရှိတော့ပေ။

ဝမ်ချင်းလင်က ရှောင်ဟန်ကို ကြည့်ကာ ပြောလိုက်သည်

" ငါ့ကို မုန်းလား"

ရှောင်ဟန်က သူ့လက်ကို ဆွဲကာ ပြောလိုက်သည်

" ငါတော့ မမုန်းပါဘူး။ ငါတော့ အရမ်းကြိုက်တယ်"

ကျန်းရှင်း၏ မျက်လုံးတို့ ပြူးကျယ်သွားရသည်။

မီယန်က ပေယာအပေါ် ဒေါသပုံချကာ ကန်နေဆဲ ဖြစ်သည်။ သူမ လေထဲသို့ လွင့်ထွက်သွားကာ မြေပြင်ပေါ် ပြန်ပြုတ်ကျမည့်အချိန်တွင် ကံကောင်းစွာဖြင့် လော့ဖုန်းကြွယ်က သူမကို အချိန်မှီ ဖမ်းလိုက်နိုင်သည်။

ဝမ်ချင်းလင်က ရှောင်ဟန်နှင့် မတူညီကြောင်းကို လော့ဖုန်းကြွယ် သိပြီးပြီ ဖြစ်သော်လည်း သူကိုယ်တိုင်တော့ ဘယ်တုန်းကမှ မသိခဲ့ပေ။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now