အခန်း (၄၂)

5K 898 16
                                    


အခန်း (၄၂)

ဟယ်လင်းက ကူညီရန်အလို့ငှာ ဆရာမုန့်ဆီ အပြေးအလွှား သွားလိုက်သည်။ ကျိရုန်နှင့် ရှစ်ချုံးတို့လည်း ရှောင်ဟန်၏ ကားလေးဆီ အပြေးသွားလိုက်ကာ ရုန်ချန်ထဲ မောင်းထွက်သွားလိုက်သည်။

ယင်ချန်းလွေ့၏ လူများက နွယ်ပင်များကြားမှ ရုန်းထွက်လာသည့်အခါ သူတို့က မရှိတော့လေပြီ။

ယင်ချန်းလွေ့၏ လူများက အတော်အတန် ခံစားခဲ့ရသည်။ သူက ဒေါသထွက်နေပြီး ဆက်တိုက်အော်ဟစ်နေလေသည် "မင်းကို သတ်ပစ်မယ် "

ကားလေးက ရုန်ချန်ထဲ ရောက်လာသည်။ ဟယ်လင်းနှင့် ဆရာမုန့်တို့က သူတို့ကို စောင့်နေလေသည်။ ဟယ်လင်းနှင့် ဆရာမုန့်တို့လည်း ကားထဲဝင်ပြီးနောက် ကားလေးက ဆက်မောင်းနှင်လာလိုက်သည်။

ဆရာမုန့်က ဤအဖြစ်အပျက်ကြောင့် သေလုမတတ် လန့်ဖြတ်သွားလေသည်။ သူက ပြောလိုက်သည် "ငါ့ကို ဘယ်ခေါ်သွားမလို့လဲ"

ရုန်ချန်က ဇွန်ဘီအပြည့် ဖြစ်နေသော်လည်း ကျိရုန်က အရူးတစ်ယောက်လိုမျိုး မောင်းနှင်နေသည်။ ကံကောင်းစွာဖြင့် လမ်းတစ်လျောက် ဇွန်ဘီများနှင့် မတွေ့ခဲ့ရပေ။ သူတို့ ရုန်ချန်မြို့အလယ်သို့ ရောက်လုဆဲဆဲတွင် ကားလေးကို ရပ်လိုက်သည်။ ဝမ်ချင်းလင်နှင့် ရှောင်ဟန်တို့က သူတို့အား ကြိုစောင့်နေလေ၏။

ဝမ်ချင်းလင်က ရှောင်ဟန်၏ ရင်ဘတ်ကို ထပ်ကြည့်လိုက်ကာ " ငါ့အတွက် ကျည်ဆံဝင်ခံပေးရင်တောင် ငါ မင်းနဲ့အတူတူ လူသားအခြေစိုက်စခန်းကို သွားမှာ မဟုတ်ဘူး "

ရှောင်ဟန် " ... "

ရှောင်ဟန်က ကူကယ်ရာမဲ့စွာဖြင့် " ငါ အဲလိုဆိုလိုချင်တာ မဟုတ်ပါဘူး "

ဝမ်ချင်းလင်က သူ့အား ကြည့်လိုက်ပြီး "ဘာပြောချင်တာလဲ။ သတ်သေချင်နေတာလား "

ရှောင်ဟန် " ... "

သူက ထိုအကြောင်းကို သိနေသော်လည်း မြေအကာအကွယ်က ကျည်ဆံကို မတားလိုက်နိုင်သည်ကို မြင်လိုက်သည့် အခိုက်အတန့် ဘာမှမစဉ်းစားနိုင်တော့ဘဲ ကျည်ဆံ အစားဝင်ခံပေးလိုက်ခြင်း ဖြစ်သည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now