အခန်း (25)

6.4K 1K 13
                                    


အခန်း (၂၅)

ဝမ်ချင်းလင် ပြန်လာသည့်အခါ မှောင်နေပြီဖြစ်ပြီး ဝမ်ချန်ရှိ လူအားလုံး ထွက်သွားပြီဖြစ်သည်။

တခြားသူတွေ ထိုနေရာမှာ မရှိတော့သော်လည်း သူ့စိတ်စွမ်းအားက ဝမ်ချန်ရှိ အခြေအနေကို အာရုံစိုက်ထားဆဲ ဖြစ်သည်။

လူတချို့က သူ မကောင်းဆိုးဝါးလေး ကွေ့ပေါင်နှင့် ထွက်သွားသည်ကို မြင်လိုက်ရသည့်အတွက် သူတို့ ဒီမှာ တစ်ညလောက် နေနိုင်မလားဆိုသည့်အကြောင်းကို ကျန်းလန်တို့နှင့် တိုင်ပင်သည်။ သို့သော် ငြင်းဆိုခံလိုက်ရသည်။ သူတို့က ဝမ်ချန်မြို့ထဲ မဝင်ဘဲ နေလို့ ရမလားဟု မေးမြန်းသည့်အခါတွင်လည်း ကျန်းလန်က ထပ်မံ ငြင်းဆိုလိုက်ပြန်သည်။

အသက်ရှင်ကျန်ရစ်သူများက ဝမ်ချင်းလင်၏ ခွန်အားကိုသာ မြင်ခဲ့ပြီး တခြားသူများ၏ အကြောင်းအရာ အသေးစိတ်ကို မသိပေ။ သူတို့က ပူးပေါင်းပြီး သူတို့ကို အထဲမှာ နေခွင့်ပေးရန် ကျန်းလန်ကို ဖိအားပေးချင်နေကြသည်။ ရလဒ်အနေဖြင့် အားလုံး မြို့ထဲမှ မောင်းထုတ်ခံလိုက်ရသည်။

ဝမ်ချင်းလင်၏ ခွန်အားတိုးတက်လာသည့်အတွက် ဇွန်ဘီယဉ်များနှင့် ဆက်နွယ်မှုက ပိုမိုအားကောင်းလာသည်။ သူတို့မှာ ဘာစွမ်းရည်မှ မရှိသော်လည်း သူတို့၏ အရှိန်နှင့် ခွန်အားက ဆင့်ကဲပြောင်းလဲမှု ဇွန်ဘီများနှင့် ယှဉ်ပြိုင်နိုင်သည့်အတွက် အလွယ်တကူ သွားရှုပ်လို့ မရနိုင်ပေ။

ရှောင်ဟန်နှင့် ကျိရုန်တို့လည်း ထွက်သွားကြသည်။

အချိန်တိုအတွင်းမှာပင် သေးငယ်သော၊ အလယ်အလတ် အရွယ်အစားရှိသော အခြေစိုက်စခန်းများ တစ်ခုပြီး တစ်ခု ဖျက်စီးခံခဲ့ရသည်။ ထိုအခြေစိုက်စခန်းအားလုံးက လင်းချန်အနီးမှာ ရှိပြီး မျှော်လင့်ချက် လုံးဝ မရှိတော့ပေ။ လင်းချန် အခြေစိုက်စခန်းထဲသို့ ဝင်ရမလား တွေဝေနေသူများလည်း မတွေဝေနိုင်တော့ဘဲ အမြန်ဆုံး အရှိန်ဖြင့် ဝင်ရောက်သွားကြသည်။

ဇွန်ဘီမြို့အနီးရှိ အသက်ရှင် ကျန်ရစ်သူများလည်း သေချာအာရုံစိုက်ထားကြသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now