အခန်း(115)

2.7K 403 11
                                    


အခန်း (၁၁၅)

ဒီလူအုပ်စုက ဘာလုပ်ချင်နေလဲဆိုတာကို လုထျန်းကျင့် အခုထိ မသိသေးပေ။ အစက သူတို့က အရှေ့ဖက်သို့သာ ဦးတည်သွားနေသော်လည်း ယခု ဤနေရာတွင် ရပ်တန့်သွားပြီး တောထဲတွင် ပုန်းနေသည့်အတွက် သူတို့ ဘာလုပ်ချင်လဲဆိုတာ မသိနိုင်ဖြစ်နေသည်။

လုထျန်းကျင့်က ဖြည်းဖြည်းချင်း ယင်ချန်းလွေ့နှင့် ရှုရှန်ဖေးတို့အနား ရောက်သွားသည်။ အနက်ရောင် ဝတ်စုံများဖြင့် ပတ်ထားသော အလင်းရောင်ကို မမြင်နိုင်သော သူနှစ်ယောက်ကို ကြည့်လိုက်သည်နှင့် မိသားစုနှင့် တူနေသည်။

ယင်ချန်းလွေ့က အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားကို စိတ်တိုသောမျက်နှာထားဖြင့် ကြည့်လိုက်ပြီးနောက် အနည်းငယ် ပိုပြီး အရပ်ပုကာ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ရှုရှန်ဖေးကို စိုက်ကြည့်လိုက်သည်။

" မင်းရဲ့ လူတွေလား" ထိုစကားလုံးများ၏ အသံနေအသံထားက အရမ်းစိတ်ဝင်စားဖို့ ကောင်းသည်။

ရှုရှန်ဖေးက ခေါင်းယမ်းပြကာ သူမ၏ ဘေးပတ်လည်တွင် ရှိနေသော သူများက သူမအစား ဖြေပေးလိုက်သည်

" အလောင်း မိခင်ကြီးရဲ့ ဘေးပတ်လည်မှာ ရှိတဲ့သူတွေက တူညီတဲ့ အနက်ရောင် ဝတ်ရုံကို မသုံးဘူး"

ထိုအရာက အလောင်း မိခင်ကြီးအပေါ်တွင် ထားရှိသော လေးစားမှုဖြစ်သည်။

ယင်ချန်းလွေ့က အေးစက်စွာဖြင့် ပြောလိုက်သည်

" ခေါင်းစွပ်ကို ချွတ်လိုက်"

အနက်ရောင် ဝတ်ရုံအောက်မှ မသာယာသော အသံတစ်ခု ထွက်ပေါ်လာသည်

" သူတို့က မျိုးနွယ်တူပဲကို ဘာလို့ အချင်းချင်း သတ်ဖြတ်နေတာလဲ"

ရှုရှန်ဖေး၏ ဘေးပတ်လည်ရှိလူများက အံ့ဩမှင်သက်သွားကြကာ အနက်ရောင်ဝတ်ရုံ ဝတ်ထားသည့်သူကို သံသယဖြင့် ကြည့်နေသည်။

ယင်ချန်းလွေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

" ဆန်းကြယ်မှုတစ်ခုပဲ။ ခေါင်းစွပ်တွေ ချွတ်လိုက်"

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Donde viven las historias. Descúbrelo ahora