အခန်း (၁၂)

6.4K 1.1K 11
                                    

အခန်း (၁၂) : ညီအစ်ကို

လေးယောက်က လုထျန်းကျင့်၊ ရှုရှန်ဖေးတို့နှင့်အတူတူ ကားစီးလာကြသည်။

ရှုရှန်ဖေးက စတင်ပြောလိုက်သည် “ တောင်ပိုင်းမြို့က အရင်က ဒီလိုမဟုတ်ဘူး။ ဇွန်ဘီတွေက လူသားစားပေမဲ့ နေရာအနှံ့ ပြန့်ကျဲနေတာ။ ကျွန်မတို့သာ ရိက္ခာစုဆောင်းရင်း … သန္ဓေပြောင်း တိရစ္ဆာန်တွေ အမဲလိုက်ရင်း မြို့တွင်း မဝင်သရွေ့ ဘေးကင်းတယ်။

ဒါပေမဲ့ အရင်လက အားလုံး ပြောင်းလဲကုန်တယ်။ ကျွန်မတို့ တောင်ပိုင်းမြို့ထဲ ဝင်လို့ မရတော့ဘူး။ ကျွန်မတို့ ခြေချလိုက်တာနဲ့ ဇွန်ဘီတွေက မောင်းထုတ်ကြရော ”

ကျိရုန်က မေးလိုက်သည် “အရင်လက ဘာဖြစ်ခဲ့လို့လဲ ”

ရှုရှန်ဖေးက သက်ပြင်းချကာ ဝမ်းနည်းချင်ယောင်ဆောင်လိုက်သည်.။

“ဒါတွေက ကျွန်မအမှားပါ။ အရင်လက ကျွန်မတို့ အခြေစိုက်စခန်း တောင်ပိုင်းမြို့ဆီ သွားပြီး ရိက္ခာရှာရင်း ဇွန်ဘီအုပ်ကြီးနဲ့ တိုးခဲ့တယ်။
ကျွန်မဝမ်းကွဲက ကျွန်မကို ကယ်ဖို့အတွက် ဇွန်ဘီအကိုက်ခံလိုက်ရတယ်။ အဟင့်ဟင့် … သူက ဇွန်ဘီအုပ်ကြီးကို မျှားခေါ်သွားတော့ ကျွန်မတို့က သူ့ကို ချန်ထားခဲ့ပြီး လွတ်မြောက်ခဲ့ကြတယ် ”

လုထျန်းကျင့်က သူမ၏ အဖြစ်အပျက် ပြောင်းပြန် ပြောင်းနိုင်တဲ့ အရည်အချင်းကြောင့် အံ့ဩမိသွားသည်။

ရှုရှန်ဖေးက ဆက်ပြောလိုက်သည် “နောက်သုံးရက်နေတော့ ဝမ်းကွဲက ကျွန်မတို့ဆီ ပြန်ရောက်လာခဲ့တယ်။ သူ့အဝတ်တွေက ဇွန်ဘီကိုက်ရာတွေနဲ့  သွေးတွေစိုရွဲနေခဲ့တယ်။ သူက အခြေစိုက်စခန်းထဲ ခိုးဝင်ချင်တာလေ။ သူက ကျွန်မကို မြင်တာနဲ့ သတ်ဖို့ ကြိုးစားတော့တာပဲ။ ထျန်းကျင့်နဲ့ အခြားလူတွေက ကျွန်မကို ကာကွယ်ဖို့ သူ့ကို တိုက်ခိုက်ခဲ့ရတယ်။

နောက်ကျ သူက တောင်ပိုင်းမြို့ထဲ ထွက်ပြေးသွားပြီးတော့ ထပ်ပေါ်မလာတော့ဘူး။ ဒါပေမဲ့ ဒီတစ်လတာအတွင်း တောင်ပိုင်းမြို့အတွင်း အရာအားလုံး ပြောင်းလဲသွားပြီ ”

ဟယ်လင်းက ထပ်မေးလိုက်သည် “အဲဆိုတော့ မင်းရဲ့ဝမ်းကွဲက ဇွန်ဘီဖြစ်ပြီးတော့ ပြန်ရောက်လာတယ်ပေါ့ ”

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now