အခန်း (၁၆) : ဆွေးနွေးခြင်း
နောက်တစ်နေ့ မနက်စောစော ရှောင်ဟန်တို့ လေးယောက် ဝမ်ချင်းလင်ကို လာနှိုးသည့်အခါ အိပ်ပျော်နေဆဲ ဖြစ်သည်။
သူတို့က နန်းချန်၏ အပြင်ဘက်တွင် ရပ်နေကာ အော်ဟစ်လိုက်သည်
“ ဝမ်ချင်းလင် … မင်းနဲ့ ပြောစရာ ရှိလို့။ မင်း လက်ခံမယ်ဆိုရင် ငါတို့ကို အထဲဝင်ခွင့်ပြုဦး”
ဇွန်ဘီအုပ်စုက သူတို့ဆီ ကားတစ်စီးဖြင့် ပစ်ပေါက်လိုက်သည်။ ထိုကားပေါ်တွင် ထွက်သွားဆိုသည့် စကားလုံးကို ပုပ်နေသော သွေးများဖြင့် ရေးထားသည်။
ကောင်းပြီလေ… အခုတော့ သူတို့ အတည်ပြုလို့ရသွားပြီ။ အဲဒီလူက တကယ် ဝမ်ချင်းလင်ဆိုတာကိုပေါ့
ကျိရုန် ကျိန်ဆဲချင်နေသည်။
လုထျန်းကျင့်ရဲ့ ဦးနှောက်မှာ ပြဿနာတစ်ခုခုတော့ ရှိနေပြီ။ ဝမ်ချင်းလင်မှာ ကြီးမားတဲ့ ခွန်အားရှိပေမဲ့ လုထျန်းကျင့်က သူ့အနားကပ်ဖို့တောင် မကြိုးစားတဲ့အပြင် သူ့ကို နန်းချန်ထိ မောင်းထုတ်ပြီးတော့ ဝမ်ချင်းလင်ကို မြို့အရှင်တောင် ဖြစ်သွားစေတယ်။ လုထျန်းကျင့်က ဘယ်လောက်တောင် တတ်နိုင်လိုက်လဲ
အခု သူတို့ထဲက ဘယ်သူမှ ဝမ်ချင်းလင်က ဘယ်လို အခြေအနေမျိုး ရှိတယ်ဆိုတာကို မသိကြဘူး။ သူ့ဆီမှာ လူသားမျိုးနွယ်နဲ့ ကမ္ဘာကြီးကို ဖျက်စီးချင်တဲ့ စိတ်တွေ ပြည့်နှက်နေပြီလား ဒါမှမဟုတ် သူ့ဆီမှာ သူတို့နဲ့ ပူးပေါင်းလောက်အောင်အထိ လူသားဆန်စိတ် ရှိနေလောက်သေးလား။
ရလဒ်ကို ဂရုမစိုက်ဘဲ ဝမ်ချင်းလင်က ဘယ်လောက်ထိ အန္တရာယ်ရှိလဲဆိုတာကို သူတို့ သေချာလေ့လာရမယ်
ရှောင်ဟန်က ပြောလိုက်သည်
“ ထွက်လာခဲ့ပါ။ ဆွေးနွေးရအောင်။ မင်းကို သာမန်အမြုတေ ငါးရာပေးမယ်”ဝမ်ချင်းလင်က ဘာမှပြန်ပြီး မတုံ့ပြန်ပေ။
သူ့ကို မျှားခေါ်ဖို့ ကြိုးစားနေတယ်ပေါ့လေ။ မဖြစ်နိုင်တာရှောင်ဟန်က ပြောလိုက်သည်
“ ငါ ပထမအဆင့် ဇွန်ဘီအမြုတေ နှစ်ခု ထပ်ပေါင်းထည့်ပေးမယ်”
ESTÁS LEYENDO
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Accióneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်