အခန်း(၆၈)

4.2K 796 6
                                    


အခန်း (၆၈)

ရှောင်ဟန်က သတ်ဖြတ်ရေး နတ်ဘုရားတစ်ပါးအလား ဖြစ်၏။ သူ့အောက်တွင် အလောင်းပုံအထပ်လိုက် ဖြစ်နေသည်။ သူတို့အားလုံးက လူသားစား မကောင်းဆိုးဝါးများ ဖြစ်ကြ၏။

ထွက်ပြေးကြသည့် အသက်ရှင်ကျန်သူများက မျှော်လင့်ချက် ပြန်မြင်လာပြီး ရှောင်ဟန်နောက်မှ ကားနား စုဝေးလာကြပြီး ရှောင်ဟန်၏ အကာအကွယ်ကို တောင်းခံနေကြသည်။

သူတို့က ကားအပြင်ဘက်၌ လူငယ်လေးတစ်ယောက် ငုတ်တုတ်ထိုင်နေသည်ကို မြင်လိုက်ရသည့်အခါ အားလုံးက " ... "

ခွင့်ပြုပါဦး နှုတ်ဆက်ပါတယ် ...

တခြားလူထက် အရင်မြန်အောင် ပြေးကြတော့သည်။ ဤသူက သာမန်လူ မဖြစ်နိုင်ပေ။

သာမန်လူတစ်ယောက်က ဒီလိုအချိန်မျိုး၌ ပျင်းရိကာ လျှောက်ကြည့်မနေနိုင်ပေ။

ချန်းပိုဟိန်တို့ ရှန်းရှင်းကို ရောက်လာစဉ်အခါက သူနှင့်အတူ အားကောင်းသည့်လူများစွာ ခေါ်လာခဲ့သည်။ ရှန်းရှင်း၌ ဇွန်ဘီဒီရေလှိုင်း ကြုံတွေ့ထားရသော်လည်း လင်းချန်အခြေစိုက်စခန်းလိုမျိုး ပျက်စီးမသွားသေးပေ။ ချန်းပိုဟိန်က မကောင်းဆိုးဝါးများကို သူ့လက်အောက်ငယ်သားများနှင့် အတူသတ်နေသောကြောင့် ဝမ်ချင်းလင်ကို သတိမထားမိသေးပေ။ ဘေးဖက်တွင် မကောင်းဆိုးဝါးများကို လိုက်သတ်နေသည့် ဝမ်ချူးက အရင်တွေ့သွားလေ၏။

ဝမ်ချင်းလင်နှင့် ရှောင်ဟန်ကို မြင်လိုက်သည့်အခါ ဝမ်ချူးက အတော်လေး အံ့ဩမိသွားသည်။ သူမအမြင်၌ ဝမ်ချင်းလင်သည် ဇွန်ဘီအပြည့် ဖြစ်နေသည့် လင်းချန်မြို့ကိုပင် အပိုင်စိုးနိုင်သူ ဖြစ်ရာ ဝမ်ချင်းလင် မလုပ်နိုင်သည့်အရာ မရှိဟု မှတ်ယူထားလေသည်။

"ဒေါက်တာဝမ် ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ " ဝမ်ချူးက အလောင်းလူသားပေါ် ရေဘောလုံးဖြင့် ပုတ်ထုတ်လိုက်ပြီးနောက် ဓားထုတ်ကာ ခေါင်းကို ဖြတ်ချလိုက်သည်။

ဝမ်ချင်းလင်က မျက်နှာသေဖြင့် ကြည့်လိုက်ကာ " စခန်းက အတော်လေး အသက်ဝင်တယ်နော် "

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Donde viven las historias. Descúbrelo ahora