အခန်း (၇၂)
ရှောင်ဟန်က အတွေးကောင်းတစ်ခု တွေးမိသွားသည်။ ဝမ်ချင်းလင်က သုတေသနစမ်းသပ်ခန်းထဲမှ ပစ္စည်းများကို လိုချင်သည့်အတွက် သုတေသနစမ်းသပ်ခန်းထဲမှ မူလ ပစ္စည်းများကို တခြားပစ္စည်းများဖြင့် အစားထိုးပေးဖို့ ရှာလိုက်လို့ ရသည် မဟုတ်ပါလော။
ပစ္စည်းများက တစ်ခုခု ချို့ယွင်းနေလျှင်ပင် အလယ်ပိုင်းဧရာမမြို့တော်တွင် ပြင်ပေးသည့်သူများ ရှိလေသည်။
အရေးကြီးဆုံးအရာက ခိုးယူခြင်း မဟုတ်သလို ဌားယူခြင်းလည်း မဟုတ်ပေ။ သူတို့ စက်ပြင်ဆရာဆီမှ ဌားထားသည့် ပစ္စည်းကို အစားထိုးလဲလှယ်ရခြင်းသာ ဖြစ်၏။
ကျိရုန်တို့က နားထောင်လိုက်ပြီးနောက် ဖြစ်နိုင်ခြေရှိကြောင်း ခံစားမိလာကြသည်။
သူတို့က လူသား မဟုတ်တော့ပေ။ တကယ်တမ်း ပြောရလျှင် လူသားအနေနှင့် ဇွန်ဘီအပြည့်ရှိသည့် မြို့ကြီးထဲ သုတေသန ပစ္စည်းများကို ရှာဖို့ မလွယ်လှပေ။ သို့သော် သူတို့က သုတေသန ပစ္စည်းများကို အတိုက်အခိုက်မရှိ ယူနိုင်လောက်၏။
လေးယောက်သား ပြောထားသလို လုပ်လိုက်ကြသည်။ သူတို့က အလယ်ပိုင်းဧရာမမြို့မှ မဟုတ်တော့ပေ။ သူတို့လက်နက်များကိုပင် ရွယ်ဖုန်းကို ပြန်ပေးပြီးပြီ ဖြစ်၏။ ရဟတ်ယာဉ်ကိုလည်း မမောင်းနိုင်တော့ပေ။ သူတို့က သာမန်အမြုတေ သုံးရာဖြင့် ကားတစ်စီး ဝယ်လိုက်သည်။ ပြောင်းလဲအဆင့်မြင့်ထားသည့် SUV ကား ဖြစ်၏။
ကားလေးက အနက်ရောင်ဖြစ်ပြီး ကိုယ်ထည်ကို စတီးပြားများဖြင့် ကာထားသည်။ ကားရှေ့ပိုင်းတွင် လမ်းပိတ်နေသည့် ဇွန်ဘီများကို ကော်ထုတ်ပစ်နိုင်ရန် ပစ္စည်းများ တပ်ဆင်ထားသေးသည်။ ကားရှေ့မီးများကလည်း မိမိုက်လှသည်။ အဆင့်အတန်း မြင့်မှန်း သိသာလှ၏။
ဤသည်က အမဲလိုက်ထွက်ရာ သုံးသည့် ကားမှန်း သိသာလှသည်။ ရှောင်ဟန်တို့ လေးယောက်က ကား၏ အကာအကွယ်ကို မလိုအပ်သော်လည်း ကားလုပ်ဆောင်ပုံကို သဘောကျလေသည်။ အဆင့်မြင့်ထားတာ မိုက်လှ၏။
ŞİMDİ OKUDUĞUN
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Aksiyoneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်