အခန်း(116)

2.6K 422 18
                                    


အခန်း (၁၁၆)

လင်းဝမ်၏ ဦးခေါင်းက သွေးထွက်သံယို ဖြစ်သွား၍ မူးနောက်နောက်ပင် ဖြစ်သွားလေသည်။ သူမက ကားတံခါးကို အားဖြင့် ကန်ထုတ်လိုက်ပြီး ကားထဲမှ ဒယီးဒယိုင် ဆင်းကာ ထွက်လာသည်။

အကြောင်းမှာ သိပ်မဝေးသည့် မြေပြင်ပေါ်တွင် သစ်သားတံတိုင်း အပုလေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့် ဖြစ်သည်။ စစ်ကားက သစ်သားတံတိုင်းကို တိုက်မိသွားသည့်အတွက် အဝတ်လျှော်စက်ကဲ့သို့ လေထဲ လွင့်ထွက်သွားသည်။

ယင်ချန်းလွေ့တို့ ကားထဲမှ ထွက်လာသည့်အခါ ထောင်ရွှမ်းနှင့် အိုက်ချင်းတို့က လင်းဝမ်နောက်သို့ အလျင်အမြန် လိုက်သွားရင်း ပြောလိုက်သည်

" အစ်မလင်းဝမ် သွားလို့ မရဘူးလေ"

သူတို့နှစ်ယောက်က လင်းဝမ်ကို ပြန်ဆွဲထားရသည်။

လင်းဝမ်က သူတို့နှစ်ယောက်ကို တွန်းထုတ်ကာ သေနတ်ဖြင့် ချိန်ရွယ်ထားရင်း ပြောလိုက်သည်

" ငါ့ကို လာတားဖို့ မကြိုးစားနဲ့။ ဒီနေ့ သူတို့ သေရမယ်"

ထောင်ရွှမ်းနှင့် အိုက်ချင်း "..."

ဒါပေမဲ့ သူတို့ မသေဘဲ အစ်မ သေသွားရင် ဘယ်လိုလုပ်မလဲ...

ဝမ်ချင်းလင် "..."

ဟဲလို... ကိုယ့်အကြောင်းကို ပြောရတာ စိတ်ဝင်စားဖို့ ကောင်းတယ်လို့များ ထင်နေတာလား

စစ်ကားက အရမ်းနှေးသည်ဟု ထင်သည့်အတွက် ဝမ်ချင်းလင်က စစ်ကားကို စွန့်ပစ်ကာ အမြင့်ဆုံး အရှိန်နှုန်းဖြင့် ပြေးလာသည်။

...............

တစ်ဖက်တွင် အလျင်စလို မောင်းနှင်လာသော ရှောင်ဟန်တို့က လမ်းတွင် ချုံခိုတိုက်ခိုက်ခံလိုက်ရ၏။ စစ်သားလေးက အမြောက်ချက်ကို ရှောင်လိုက်ရသည့်အတွက် ကားမှောက်မလိုပင် ဖြစ်သွားသည်။ ကား၏ ဘေးဖက်အခြမ်းကတော့ ပေါက်ကွဲသွားသည်။

ရှောင်ဟန်က သူ့အဖေကို ပြောလိုက်ပြန်သည်

" အဖေ ထွက်လာတုန်းက ပြန်သွားနိုင်ပါ့မလားဆိုတာရော တွေးခဲ့ရဲ့လား။ တိုက်ပွဲကို ကြည့်လိုက်ဦး။ စစ်ပွဲတွေ တစ်ခုပြီးတစ်ခု ဖြစ်နေတာ တွေ့လား"

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Donde viven las historias. Descúbrelo ahora