အခန်း(၁၃၅)

2.1K 340 6
                                    


အခန်း (၁၃၅)

ဝမ်ချင်းလင်က ရှောင်ဟန်ကို လူလိမ် တစ်ယောက်ဟု ယူဆကာ ကြည့်ပြီး ပြောလိုက်သည်

" ငါတို့နှစ်ယောက်ကြားမှာ အမှန်တရားဆိုတာရော ရှိသေးရဲ့လား"

ရှောင်ဟန်က လေးနက်သောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်

" ကိုယ်တို့နှစ်ယောက်ကြားမှာ ယုံကြည်မှုဆိုတာ လိုအပ်သေးလို့လား။ မဟုတ်ဘူးလား။ ကိုယ်တို့ တစ်ယောက်နဲ့ တစ်ယောက် အချိန်မရွေး၊ နေရာမရွေး ဆက်သွယ်နေသင့်လား"

ကျိရုန် "..."

ဟယ်လင်း "..."

ရှစ်ချုံး "..."

လူအများရှေ့ ခွေးစာလာကျွေးနေတာပဲ ...

ဟယ်လင်းက မျက်နှာအုပ်ကာ ထွက်သွားသည်။

အခုအချိန်မှာ ထွက်သွားတာ အကောင်းဆုံးပဲ

ကျိရုန်က လောင်တ ဘာလို့ အခုချိန်မှာ ပြန်လာရလဲဆိုတာကို သိရဖို့အတွက် ထွက်မသွားဘဲ ဆက်နေချင်သော်လည်း ဟယ်လင်းနှင့် ရှစ်ချုံးက ဆွဲခေါ်သွားသည်။

လူငယ်စုံတွဲတွေအတွက် ဒါက ပုံမှန်ပဲဆိုတာကို သူက မမြင်ဘူး။ အပြင်လူတွေ နှောင့်ယှက်တာကို မခံချင်ကြဘူးမလား

ဝမ်ချင်းလင်က ရှောင်ဟန်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးမှသာ ကြည့်လိုက်သည်

" ငါ ဆုကို လက်ခံပါတယ်။ မင်း အလယ်ပိုင်းဧရာမမြို့တော်ကို ပြန်မသွားရဘူး"

ရှောင်ဟန် "..."

ရှောင်ဟန်က ပြောလိုက်သည်

" ကိုယ် ဧရာမမြို့တော်ကို တစ်ခေါက် ထပ်သွားမှ ဖြစ်မယ်"

နယ်နမိတ်ဆီသို့ သွားရောက်ထောက်လှမ်းသော လေယာဉ်က သတင်းဆိုးကို ယူဆောင်လာသည်။ နိုင်ငံခြားမှ ဇွန်ဘီများ တရုတ်သို့ ဦးတည်လာပြီး အများအပြား ဝင်ရောက်လာသည်။

ဤထက်ပိုပြီး ကြောက်စရာကောင်းသည်က ထိုဇွန်ဘီများက ကန္တာရများ၊ မြစ်များ၊ ပင်လယ်များနှင့် မြေပထဝီကို မကြောက်ရွံ့သဖြင့် သူတို့ကို တားဆီးပိတ်ပင်လို့ မရနိုင်ပေ။ သူတို့၏ တရုတ်သို့ ဝင်ရောက်ပြီး ယွင်ကျင့်မြို့သို့ သွားမည့် ပန်းတိုင်က အရမ်းရှင်းလင်းနေသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now