အခန်း(၁၀၂)

3K 476 7
                                    


အခန်း (၁၀၂)

ယွီကျင်းဟွေ့က မျှော်လင့်ချက်မြင်ကာ အချိန်ဆွဲဖို့ ဆုံးဖြတ်လိုက်သည် "သူတို့က ငါနဲ့ရှိတယ်။ သူတို့က ထူးချွန်တော့ ဧည့်သည်အဖြစ် ဖိတ်ကြားထားတာပါ။ လက်ကို မဖြတ်ခဲ့ပါဘူး အား အား ... "

အော်သံကြောင့် ကားအပြင်ဘက်မှ လိုက်ပါလာသည့် ယာဉ်တန်းကြီးက လန့်ကာ ဒယိမ်းဒယိုင်ဖြစ်သွားကြသည်။

ဝမ်ချင်းလင်က ကားပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ဖြတ်ထားသည့် လက်ကို လွှင့်ပစ်လိုက်သည့်အခါ နောက်ကားမှန်ပေါ် ကျရောက်သွားလေသည်။ သူတို့က ထိုအရာကို မြင်လိုက်သည့်အခါ ကြောင်ကြောင်အမ်းအမ်း ဖြစ်ကုန်ကြ၏။

ယွီကျင်းဟွေ့၏ လက်မှန်း မသိစရာအကြောင်း မရှိပေ။ ထိုလက်ချောင်း၌ ပိုင်ရှင် ဘယ်သူဖြစ်ကြောင်း သိနိုင်သည့် သက်သေ ပါရှိနေသည်။

သူတို့က ဒီကိစ္စသည် ပြင်းထန်ကြောင်း သိ၍ ကားတစ်စီးကို ပြန်သတင်းပို့ခိုင်းလိုက်သည်။ ထို့နောက် မြေပြင်မှ ရုတ်ချည်းဆိုသလို နွယ်ပင်များစွာ ထွက်လာ၏။ နွယ်ပင်များက ဧရာမ ရေဘဝဲကြီးအလား ကြီးထွားလာကာ ကားများကို လွှင့်စင်သွားစေသည်။ ထို့နောက် ပျောက်ကွယ်သွားလေသည်။ အရာအားလုံးက အိပ်မက်တစ်ခုအလား မြန်ဆန်လွန်းလှပြီး မြေကြီးများ ကွဲအက်နေပြီး ကားများလွှင့်စင်သွားသည့် အချက်ကြောင့်သာ မဟုတ်လျှင် ဒီမြင်ကွင်းကို အမှန်တကယ်ဟု မည်သူမှ ယုံကြည်မည် မဟုတ်ချေ။

ဝမ်ချင်းလင်က ဓားမြောင်ပေါ်မှ သွေးကို သုတ်ကာ " အခု အမှန်အတိုင်းပြောလို့ ရပြီလား။ သူတို့ ဘယ်မှာလဲ "

ယွီကျင်းဟွေ့က နာကျင်စွာ ငြီးငြူနေပြီး "ဗီ ... လာမြေအောက်ခန်းထဲမှာပါ "

ဝမ်ချင်းလင် " လမ်းပြ "

.........

ယွီကျင်းလင်က ဥယျာဉ်ထဲမှ ပန်းတစ်ချို့ခူးကာ ပြန်လာစဉ် အပြင်ဘက်မှ ဆူဆူညံညံများကို ကြားလိုက်ရသည်။

သူမက ကတ်ကြေးကို ချထားကာ "အပြင်က ဘယ်သူလဲ "

လက်ထဲတွင် သွေးသံရဲရဲနှင့် အမျိုးသားက အပြေးအလွှား ဝင်လာပြီး " မဒမ် .. မဒမ် အစ်ကိုဟွေ့ကို ကယ်ပါဦး "

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Onde histórias criam vida. Descubra agora