အခန်း(၇၃)

3.9K 720 5
                                    


အခန်း (၇၃)

ကားထဲရှိ စစ်သားများက ကြက်သီးထလာကြသည်။

ရွယ်ဖုန်းက ပြန်လည်ချေပလိုက်၏ " ခြောက်မနေနဲ့။ ဒါက မင်းရဲ့ ခန့်မှန်းချက်ပဲ ရှိသေးတာ။ သိပ္ပံနည်းကျကျ မပါဘူး "

ရှောင်ဟန်က ခက်ထန်စွာ ပြောလိုက်သည် " ကမ္ဘာ့ပျက်ကပ်စတာ နှစ်နှစ်ရှိပြီ။ ဘာသိပ္ပံနည်းကျကျ လိုချင်သေးတာလဲ။ ကျွန်တော်က ခြောက်နေတာ မဟုတ်ဘူး။ စွမ်းအင်လက်နက်တွေကို လက်လွတ်စပယ် မသုံးဖို့ အကြံပေးနေရုံပဲ။ မဟုတ်ရင် အကျိုးဆက်ကို စိတ်ကူးကြည့်လို့ ရမှာ မဟုတ်ဘူး "

ရှောင်ဟန်က သူတို့ကို ခြောက်လန့်ဖို့ ကြိုးစားနေခြင်း မဟုတ်ဘဲ အလိုလို ခံစားမိနေခြင်း ဖြစ်သည်။ ဤသည်မှာ ဗိုလ်ချုပ် ဒါမှမဟုတ် ဝမ်ချင်းလင်ဆီမှ ဗီဇတမျိုးမျိုးသာ ဖြစ်လိမ့်မည်။ သူက တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်လာတော့မည်ဟု ဝေဝေဝါးဝါး ခံစားမိနေသည်။

ရှောင်ဟန်က ဝမ်ချင်းလင်သည် စွမ်းအင်လက်နက်များအပေါ် စိတ်မဝင်စားကြောင်း ရုတ်ချည်း သတိရလိုက်သည်။

အကယ်၍ သူလည်း ခံစားမိလျှင် ဝမ်ချင်းလင်၏ ခံစားချက်များက ပို၍ ရှင်းလင်းနေမည် မဟုတ်ပါလော။

ဝမ်ချင်းလင်က အဲတုန်းက ဘာပြောလိုက်ပါ့လိမ့် ...

" မင်းက ဘယ်သူမလို့တုန်း။ မင်းလည်း လူသားဆိုတာ မမေ့နဲ့ " ရွယ်ဖုန်းက ဒေါသတကြီး အော်သံကြောင့် ရှောင်ဟန် တွေးလက်စ အတွေးများ ပြတ်တောက်သွားသည်။

ဒါမျိုးက ရင်းနှီးနေတယ် ...

ရှောင်ဟန်အနေနှင့် ယခင် သူလည်း ဝမ်ချင်းလင်ကို ပြောဖူးပြီး ဝမ်ချင်းလင်က ယခုသူ့လိုမျိုး ခံစားခဲ့ရကြောင်း အမှတ်ရလိုက်သည်။ သူ့စိတ်ခံစားချက် အခြေအနေက ရှုပ်ထွေးနေပြီး စကားပင် ပြန်မပြောချင်တော့ပေ။

ရှောင်ဟန် " အဆင့် ၈ ဆင့်ကဲသက်ရှိ ဗိုလ်ချုပ်က အရမ်းအားကောင်းတယ်။ ပြောရရင် ဇွန်ဘီတွေကိုတောင် ပေါင်းစပ်နိုင်တယ်။ ကုသနိုင်စွမ်းလည်း ရှိပြီးတော့ ကြိုတင်ခန့်မှန်းနိင်စွမ်းလည်း ရှိတယ်။ ပြီးတော့ အဆင့် ၅ ဆင့်ကဲသက်ရှိ ဧရာမဇွန်ဘီကိုတောင် ဖန်တီးနိုင်တယ်။ သူ့ကာကွယ်နိုင်စွမ်းကလည်း အရမ်းမြင့်တယ်။ အမြောက်တောင် တိုးမပေါက်ဘူး "

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now