အခန်း(၆၃)

4.5K 811 11
                                    


အခန်း (၆၃)

ရှောင်ဟန်က ပြောလိုက်သည် "စကားနဲ့ ပြောကြမယ်လေ။ ငါက ဗိုလ်ချုပ်ရဲ့ ခုခံနိုင်စွမ်း ရှိတာ မဟုတ်‌တော့ မင်းရဲ့ အားကို မခံနိုင်ဘူး "

ဝမ်ချင်းလင် " တကယ်လို့ ထွက်သွားမယ်ဆိုရင် ထပ်မပြောနဲ့တော့။ ငါ သဘောမတူဘူး "

ရှောင်ဟန်က သက်ပြင်းချလိုက်ကာ " ငါ ကတိပေးတယ်။ အဲကိစ္စတွေပြီးတာနဲ့ တန်းပြန်လာခဲ့မယ်လေ။ ဟုတ်ပြီလား "

ဝမ်ချင်းလင်က သူ့အား မျက်မှောင်ကြုတ်ကြည့်လိုက်ပြီးနောက် ဒီတစ်ကြိမ် သူက ပြန်လာခဲ့မယ်ဆိုသော စကားကို သုံးတတ်သွားလေပြီ။

ဒါပေမဲ့ နောက်ထပ် သင်ခန်းစာပေးဖို့ လိုသေးတယ် ...

ဝမ်ချင်းလင်က ရိုးရိုးရှင်းရှင်း တစ်ခွန်းတည်းသာ ပြောလိုက်သည် "မရဘူး "

ရှောင်ဟန် "ငါ လင်းချန်ကို အလုပ်တာဝန်နဲ့ ရောက်လာတာဆိုတော့ ပြန်မသွားရင် သူတို့က တစ်ယောက်ယောက်ကို စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်မှာပဲ။ ယင်ချန်းလွေ့ကလည်း သေလားရှင်လား မသိရသေးဘူး။ တကယ်လို့ သူ အသက်ရှင်ရက် ပြန်ရောက်သွားရင် ပြဿနာ ထပ်ရှာဦးမှာပဲ။ တကယ်လို့ သူသာ မျက်လုံးနီဇွန်ဘီ ဖြစ်သွားခဲ့ရင် ဒီကိစ္စက ငါနဲ့ မင်းအထိ ပတ်သတ်သွားလိမ့်မယ် "

ဝမ်ချင်းလင် " အဲတော့ ဘာဖြစ်လဲ။ လူသားတွေ စစ်ပွဲစချင်ရင်လည်း အချိန်မရွေး လာလို့ရတယ် "

ရှောင်ဟန် " ... "

ရှောင်ဟန် " အလွယ်တကူ ဖြေရှင်းလို့ ရတဲ့ကိစ္စကို ဘာလို့ စစ်ပွဲတွေအထိ ဖြစ်ချင်နေတာတုန်း "

ဝမ်ချင်းလင်က သူ့အား စိုက်ကြည့်ကာ " မင်းကိစ္စဖြစ်နေသရွေ့ ကိစ္စအကြီးကြီး မဟုတ်ဘူး"

ရှောင်ဟန် " .... "

ရှောင်ဟန်က စိတ်ပျက်လက်ပျက်ဖြင့် ထပ်စလိုက်သည်။

ဝမ်ချင်းလင်က ကားထဲ ဝင်လိုက်ကာ " ငါ့ကို ထိရဲတဲ့သူမှန်သမျှ လူသားဖြစ်ခွင့်ပေးထားမှာ မဟုတ်ဘူး "

ကားတံခါးဖွင့်လိုက်သည့်အခါ သူ့စိတ်စွမ်းအားမှ လင်းချန်အပြင်ဘက်တွင် ရပ်အော်နေသူ တစ်ယောက်ကို ခံစားမိလိုက်သည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Donde viven las historias. Descúbrelo ahora