အခန်း(၁၂၅)

2.2K 361 3
                                    


အခန်း (၁၂၅)

ယခု နယ်မြေ(၁)က အိုးပူထဲက ပုရွက်ဆိတ်အလား ဖြစ်နေလေပြီ။ သူတို့က နယ်မြေ(၅)နှင့် နယ်မြေ(၂)ကို အရင်တိုက်ခိုက်ခဲ့ပြီး လိန်ယုရှောင်နှင့် မိုချန်းရွှမ်တို့ကို လုပ်ကြံဖို့ ထိပ်တန်းစွမ်းအားရှင်တွေကိုပါ ဌားခဲ့သေးသည်။

သူတို့အကြံက ပြီးပြည့်စုံသည်ဟု ထင်ခဲ့ကြသည်။ တစ်ဝက်တပျက်၌ တံတိုင်းအမြင့်များ ပေါ်ထွက်လာသလို အဖွဲ့ကလည်း သုံးပိုင်းကွဲသွားပြီး နယ်မြေ(၅)နှင့် နယ်မြေ(၂)အတွင်း ပိတ်မိနေသည့် အင်အားစုများကို ပြန်လည် မရုတ်သိမ်းနိုင်ခဲ့ပေ။

အားလုံးကို အပြင်ပို့ထားသောကြောင့် နယ်မြေ(၁)အတွင်း ဗလာကျင်းနေလေသည်။

နယ်မြေ(၁)၏ အဆင့်မြင့် အရာရှိများက စိတ်မထိန်းနိုင်တော့ဘဲ ဗိုလ်ချုပ်ယင်ဆီ သွားခဲ့ကြသည်။ သို့သော် ဗိုလ်ချုပ်ယင်က ဒေါသထွက်ကာ လေတပ်အား တိုက်ပွဲအတွက် အသင့်ပြင်ခိုင်းလိုက်သည်။

သူတို့က မတတ်နိုင်သရွေ့ ဖျက်ဆီးရေး စွမ်းအားများကို မသုံးချင်ကြပေ။ သူတို့က မနာခံသည့်လူများကို ရှင်းထုတ်ပြီး အလယ်ပိုင်း ဧရာမမြို့တော်ကို တစ်သားတည်း ပြန်လည်စုစည်းလိုခြင်းသာ ဖြစ်သည်။ အလယ်ပိုင်း ဧရာမမြို့တော်ကို မဖျက်ဆီးပစ်ချင်ပေ။

သို့သော် ယခုတွင် သူက ဆက်ဂရုမစိုက်နိုင်တော့ပေ။ သူသာ အရင်မလှုပ်ရှားလျှင် အဆုံးသတ်၌ သေဆုံးရမည့်သူက သူတို့ ဖြစ်သွားနိုင်သည်။

ယင်အင်အားစုက အမိန့်တစ်ခုပြီး တစ်ခု ပေးကာ နောက်ဆုံး ကြိုးပမ်းမှုကို လုပ်ဆောင်တော့မည်ဖြစ်၏။

လက်ထောက်က အလျှင်စလို ရောက်လာကာ ဗိုလ်ချုပ်ယင်နားထဲ တီးတိုးပြောလိုက်သည်။ ဗိုလ်ချုပ်ယင်၏ မျက်နှာထားက အေးစက်သွားကာ " သူတို့က ဘယ်မျက်နှာနဲ့ ပြန်လာတာလဲ။ အထဲဝင်ခိုင်းလိုက် "

ယင်ချန်းလွေ့က ချက်ချင်း အလန့်တကြား ဖြစ်သွားကာ " စီးဒရစ်တို့လား "

ဗိုလ်ချုပ်ယင်၏ အမူအရာက အနည်းငယ် ပျော့ပျောင်းသွားပြီး " ဟုတ်တယ်။ သူတို့ကို စွမ်းရည်ကောင်းတယ် ထင်ထားတာ။ အခုတော့ သတင်းကောင်းကို မယူလာနိုင်ဘူး။ နှမြောစရာကောင်းလိုက်တာ "

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now