အခန်း (၄၇)

5.2K 885 25
                                    


အခန်း (၄၇)

သားအဖနှစ်ယောက် အချင်းချင်းကြည့်ကာ ဧည့်ခန်းထဲမှ ထွက်သွားသည့်အခါ ကြံ့ခိုင်သော သန္ဓေပြောင်းနွားတစ်ကောင် ကြိုးတုပ်ခံထားရပြီး မြေပြင်ပေါ်တွင် ရုန်းကန်နေရသည်ကို တွေ့လိုက်ရသည်။ ရှောင်ဟန်နှင့် ကျိရုန်တို့လည်း ချွေးပျံနေကြသည်။

ရှောင်ဟန်က ပြောလိုက်သည်

" လာနှုတ်ဆက်တာ"

ဝမ်ချင်းလင် "..."

ဝမ်ကျန်း "..."

ကျန်းလန်၏ အကြားအာရုံက အရမ်းကောင်းသည့်အတွက် သူမက " လာနှုတ်ဆက်တာ"ဆိုသော စကားကြားသည့်အခါ ယောက်မ ကိုင်ကာ ပြေးထွက်လာရင်း ပြောလိုက်သည်

" မင်းတို့ရဲ့ လာနှုတ်ဆက်တဲ့ လက်ဆောင်က အရမ်းအေးစက်လွန်းတယ်။ မင်းကို ပြောရဦးမယ်။ သန္ဓေပြောင်းနွားပဲ ပေးပြီးတော့ ငါ့သားကို ယူချင်လို့ မရဘူးနော်"

ဝမ်ချင်းလင် "..."

ဝမ်ကျန်း "..."

အမေ တစ်ခုခုကို ထုတ်ပြောလိုက်ပြီလား

ဝမ်ကျန်းက သူ့မိန်းမကို ဘေးသို့ ဆွဲသွားကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်

" မင်း ဘာတွေ ပြောနေတာလဲ။ ဒီနေ့တစ်နေ့လုံး ဘာတွေ လျှောက်တွေးနေတာလဲ။ ငါတို့ မွေးထားတာက သားတစ်ယောက်နော်။ သမီး မဟုတ်ဘူး"

ကျန်းလန်က သူမ၏ ယောက်ျားကို " ရှင်က တကယ်တုံးတာပဲ" ဆိုသော ပုံစံဖြင့် ကြည့်လိုက်သည်။ သူ့သား၏ လျှို့ဝှက်ချက်လေးကို အလယ်တန်းကျောင်းမှ ဘွဲ့ရပြီးနောက် ကျန်းလန် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သူက မိသားစုကို ရင်ထဲရှိသည်ကို ထုတ်ဖော်ပြသခြင်း မရှိသည့်အတွက် ကျန်းလန်က မသိချင်ယောင်ဆောင်ပေးခဲ့သော်လည်း သူ့သားက နောက်ဆုံးတော့ လုပ်လိုက်နိုင်ပြီ ဖြစ်သည်။ သူတို့၏ ဆန္ဒက သူတို့သား ဆေးတက္ကသိုလ် ဝင်ခွင့်ရဖို့ဖြစ်ပြီး ပထမနှစ် မအောင်ခင်မှာပင် ကမ္ဘာပျက်ကပ်နှင့် ကြုံတွေ့ခဲ့ရသည်။

ရှောင်ဟန် "..."

ကျိရုန် "..."

ကျိရုန်က အလျင်အမြန် ပြောလိုက်သည်

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now