အခန်း(၇၉)

4.1K 665 6
                                    


အခန်း (၇၉)

ဝမ်ချင်းလင်က ပြောလိုက်သည်

" ကောင်းတဲ့အရာတွေဆိုရင် တခြားသူတွေနဲ့ မျှဝေရမယ်လေ။ တစ်ယောက်ထဲ အပိုင်စီးထားတာက အကျင့်ကောင်း မဟုတ်ဘူး"

ဦးလေးရှုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်

" ဟုတ်တယ် သူ့ကို ဓားပြတိုက်ကြမယ်"

ဝမ်ချင်းလင်က သက်ပြင်းချကာ ပြောလိုက်သည်

" ဓားပြတိုက်မယ်ဆိုတာ ဘာသဘောလဲ။ ဒါက ယဉ်ကျေးတဲ့သူတွေ လုပ်နိုင်တဲ့အရာလား။ ငါတို့ သူတို့နဲ့ သင့်သင့်မြတ်မြတ်နေရမယ်။ အားလုံးက လူယဉ်ကျေးတွေပဲလေ"

ဦးလေးရှုန်း "..."

ဦးလေးရှုန်းက နားမလည်နိုင်သည့်အတွက် တခြားသူများကို ကြည့်လိုက်သည့်အခါတွင်လည်း သူတို့၏ မျက်နှာများပေါ်တွင် နားမလည်နိုင်သည့် အရိပ်အယောင်ကို တွေ့လိုက်ရသည်။ စိတ်ရှုပ်သည့်သူက သူ တစ်ယောက်တည်း မဟုတ်တာ သေချာသွားလေပြီ။

ဦးလေးရှုန်းက အချိန်ခဏအကြာတွင် ဝင်ပြောလိုက်သည်

" ဒါဆိုရင်လည်း သင့်သင့်မြတ်မြတ်လေး သူတို့ဆီ သွားလိုက်ရအောင်"

ဝမ်ချင်းလင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

" ကောင်းပြီလေ"

ကျိရုန်က တီးတိုးပြောလိုက်သည်

" ဒေါက်တာဝမ်က လူတွေကို သင့်သင့်မြတ်မြတ် ဆက်ဆံမယ်တဲ့လား။ ငါ ဘာလို့ မယုံနိုင်ဖြစ်နေရတာပါလိမ့်"

ဟယ်လင်းနှင့် ရှစ်ချုံးတို့လည်း မယုံသည့်အတွက် တစ်ချိန်တည်းမှာပဲ ခေါင်းညိတ်လိုက်ကြသည်။

ရှောင်ဟန်က ဝမ်ချင်းလင်ကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။ သူက တခြားသူတွေနဲ့ သင့်မြတ်အောင် နေချင်တာက တကယ်ပဲ အဓိပ္ပာယ်ရှိရဲ့လားဆိုတာ မသိတော့ပေ။

ဝမ်ချင်းလင်က ရှေ့တိုးကာ သင့်မြတ်အောင် လုပ်ဖို့အတွက် ဦးလေးရှုန်းနောက်သို့ လိုက်သွားသည်။

ချန်းပိုဟိန်နှင့် ဝမ်ချူးက အချင်းချင်း စိုက်ကြည့်လိုက်သည့်အခါ အတွေးချင်းတူနေသည့်အတွက် ဝမ်ချူးက ထုတ်ပြောလိုက်သည်

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now