အခန်း (၁၂၈)
ဟယ်လင်းက ဖြစ်ပျက်ခဲ့သမျှ ရှင်းပြလိုက်သည်။
ဝမ်ချင်းလင်နှင့် ရှောင်ဟန်တို့ ထွက်သွားပြီး သိပ်မကြာခင် အသက်ရှင်ကျန်သူများက ဖြေဆေးနှင့် ကာကွယ်ဆေးသတင်းကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ တစ်ချို့အသက်ရှင်ကျန်သူများက အခြေစိုက်စခန်းတစ်ခုလုံး ပြောင်းရွေ့လာကြ၏။ သူတို့က အဖွဲ့များ ဖွဲ့ကာ ပြဿနာများရှာကြသောကြောင့် ဖြေရှင်းဖို့ မလွယ်ပေ။ ဒီလိုအသက်ရှင်ကျန်သူများကို ရှုရှန့်နှင့် ရှန်းရှန့်စခန်းတို့က လက်မခံကြပေ။ သူတို့က သီးခြားခွဲထားပြီး စိတ်ဓာတ်ကျသွားစေချင်ကြသည်။ ထင်မှတ်မထားစွာ သူတို့က စိတ်ဓာတ်မကျဘဲ ယွဲ့ရှန့်ဆီ သွားကာ စခန်းတစ်ခု ထူထောင်လိုက်ကြသည်။
ယွဲ့ရှန့်က အရှေ့ဘက်တွင်တည်ရှိပြီး ကျိရုန်နှင့် ရွယ်ကျဲတို့ လက်အောက်တွင် ရှိသည်။ တစ်ယောက်က ဝမ်ချင်းလင် မရှိစဉ် ယွဲ့ရှန့်ကို ရယူလိုက်သည်။
ကျိရုန်က ဝမ်ချန်ကိစ္စများနှင့် အလုပ်ရှုပ်နေပြီး ထိုနေရာကို သွားမကြည့်နိုင်သောကြောင့် သွေးအလောင်းကောင်က သွားပေးခဲ့သည်။ သို့သော် ထိုစခန်း၏ ခေါင်းဆောင်က သွေးအလောင်းကောင် သိထားသည့်သူ ဖြစ်နေလေ၏။
ဟယ်လင်းက ပြောပြလိုက်သည် " သွေးအလောင်းကောင်နဲ့ ယွမ်ချန်းတို့ ဘယ်လို ပြောထားမှန်း မသိပေမဲ့ သွေးအလောင်းကောင် ပြန်လာပြီးတဲ့နောက်မှာ ယွဲ့ရှန့်က ဇွန်ဘီတွေကို ပြောင်းရွေ့ပေးလိုက်တယ်။ ယွမ်ချန်းက လူတွေကို ခေါ်ပြီးတော့ ရှန်းရှန့်၊ ရှုရှန့်အတိုင်း စခန်းလိုက်ထူထောင်တော့တာပဲ။ ကျွန်တော်တို့ သတင်းရလိုက်တော့ အကုန်ပြီးစီးနေပြီ "
ဝမ်ချင်းလင်နှင့် ရှောင်ဟန်တို့ နှစ်ယောက်လုံး မရှိသည့်အချိန် ဝမ်ချန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် ယွဲ့ရှန့်က ဒီလိုမျိုး အပိုင်သိမ်းခံလိုက်ရတာလား။
ကျိရုန်က သွေးအလောင်းကောင်ကို မေးခွန်းထုတ်ခဲ့ကာ နှစ်ယောက်သား စကားများပြီး တိုက်ခိုက်ကြကုန်သည်။
ESTÁS LEYENDO
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Accióneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်