အခန်း (29)

5.9K 1K 6
                                    


အခန်း (၂၉)

ဝမ်ချင်းလင်က အခြေစိုက်စခန်း၏ လမ်းပေါ်တွင် လမ်းလျှောက်နေရင်း ပျောက်ဆုံးသွားတာ ကြာပြီဖြစ်သော " လူ့အသိုင်းအဝိုင်း" ကို လေ့လာနေသည်။

ကျိရုန်က မေးလိုက်သည်

" လင်းချန် အခြေစိုက်စခန်းနဲ့ လင်းချန် ဇွန်ဘီတွေ အနိုင်မရနိုင်ဘူးလို့ ထင်လား"

ဝမ်ချင်းလင်က ပြောလိုက်သည်

" ဦးနှောက်ရှိတဲ့သူတိုင်း အဲဒါကို သိပါတယ်"

ကျိ ဦးနှောက်မရှိ ရုန်က ပြောလိုက်သည်

" မြို့အရှင်သာ ပါဝင်လာမယ်ဆိုရင် မျှော်လင့်ချက် ရှိပါသေးတယ်"

ဝမ်ချင်းလင်က ပြောလိုက်သည်

" ဘာမျှော်လင့်ချက်မှ မရှိဘူး။ လင်းချန်မှာ ဘယ်လောက်တောင်များတဲ့ ပြောင်းလဲမှုတွေ ဖြစ်နေလဲဆိုတာကို မင်းမသိပါဘူး"

ရှောင်ဟန်က ပြောလိုက်သည်

" မင်းက သိလို့လား"

ဝမ်ချင်းလင်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်

" ငါ မရေတွက်ထားလို့ မသိဘူး"

ရှောင်ဟန်က ထပ်ပြောလိုက်သည်

" ဒါဆိုရင် ဘယ်လိုလုပ်ပြီးတော့ လင်းချန်မှာ မျှော်လင့်ချက် မရှိတော့ဘူးဆိုတာ သေချာနေရတာလဲ"

ဝမ်ချင်းလင်က ပြန်ပြောလိုက်သည်

" ကမ္ဘာပျက်ကပ် မတိုင်ခင်တုန်းက လင်းချန်ရဲ့ လူဦးရေက ဆယ်သန်းအထက်မှာ ရှိတယ်။ ကမ္ဘာပျက်ကပ် ကျရောက်ပြီးသွားတော့ ဘေးပတ်ဝန်းကျင်က မြို့ငယ်လေးတွေမှာ ရှိနေတဲ့ ဇွန်ဘီတွေ အကုန်လုံးက လင်းချန်မှာ စုလာတယ်။ ။ အခု သာမန်ဇွန်ဘီတွေရဲ့ အရေအတွက်က အနည်းဆုံး သန်း၂၀ လောက် ရှိနေပြီ"

သန်း ၂၀ ကနေ သန်း သုံးသောင်းလောက်အထိဆိုတော့ ... ခြေလက်ဆေးပြီးတော့ပဲ အိပ်လိုက်ရအောင်

ဒါက သာမန်ဇွန်ဘီပဲ ရှိသေးတာ ဆင့်ကဲ ဇွန်ဘီတွေ မပါသေးဘူး။ သာမန်ဇွန်ဘီတွေ အများကြီး သွားဖို့မလိုပါဘူး။ "မိစ္ဆာအဆင့်" နည်းနည်းလေး ပို့လိုက်ရင်တောင် မြို့ဂိတ်ကိုတောင် စောင့်နိုင်မှာ မဟုတ်တော့ဘူး

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Tempat cerita menjadi hidup. Temukan sekarang