အခန်း(၁၂၀)

2.7K 370 3
                                    


အခန်း (၁၂၀)

စစ်ကားများက မြောက်ဖက်ဂိတ်မှတဆင့် မြို့ကနေ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဦးတည်ဘက်နှစ်ဖက်သို့ ခွဲသွားသည်။ တစ်ဖက်က လီမြို့ဆီ သွားပြီး တခြားတစ်ဖွဲ့က အရှေ့ဘက်ရှိ တိုက်ပွဲကွင်းပြင်ဆီ သွားနေကြသည်။

ရှုရှန်ဖေးက တကယ်သေသွားသောကြောင့်သာ ထိုအလောင်းလူသားများက ထိန်းချုပ်မှု ကင်းမဲ့နေခြင်း ဖြစ်သည်။ သို့သော် သူမ သေသွားလျှင်ပင် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ရတနာများ ရှိနေသေးသည်။ အလောင်းလူသားအဖြစ် ဖန်တီးနိုင်သော အဆိပ်ကို သူမဆီမှ ရနိုင်ပါက အလောင်းလူသားများကို ထိန်းချုပ်သည့် နည်းလမ်းကို သိနိုင်လိမ့်မည် ဖြစ်သည်။ လူသားမျိုးစိတ် အသစ်ကို ဖန်တီးဖို့လည်း ဖြစ်နိုင်သည်။

ရှုရှန်ဖေးက အရမ်းအရေးကြီးသည့်အတွက် သူမ၏ အလောင်းကို ရှာရမည်။

သို့သော် သူတို့ တိုက်ပွဲကွင်းပြင်သို့ ရောက်သွားသည့်အခါ မမှတ်မိနိုင်သော လင်းဝမ်၏ အလောင်းနှင့် ပိန်လျသော ဇွန်ဘီအလောင်းများကိုသာ တွေ့ခဲ့ရသည်။

၂ မီတာလောက် အရပ်အမြင့်ရှိပြီး ထွားကျိုင်းသည့် အမျိုးသားတစ်ယောက်က လက်မောင်းမှ လည်ပင်းအထိ တက်တူးများထိုးထားကာ မျက်နှာတစ်ခုတည်းသာ သန့်ရှင်းနေသည်။ သူ့မှာ အဝါရောင်ဆံပင်ရှိပြီး ဆွယ်တာကို ဝတ်ဆင်ထားကာ ကြွက်သားများက ကျစ်လစ်သန်မာနေသည်။

" အဲဒီအမျိုးသမီး သေသွားပြီဆိုတာ သေချာရဲ့လား" သူက အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောလိုက်သည်။

ရှန်းရှီချန်က မျက်နှာမကောင်းစွာဖြင့် ပြောလိုက်သည်

" လုံးဝ သေချာပါတယ်"

ဘလွဒ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

" အဲဒီအမျိုးသမီးက သန်မာတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဒီလောက် လွယ်လွယ်နဲ့ အသတ်ခံရတာကို သန်မာတယ်လို့ ခေါ်နိုင်သေးတာလား"

ရှန်းရှီချန်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည့်အခါ ဘလွဒ်က သူ့ကို မောက်မာစွာ ကြည့်လိုက်ပြီး ပြိုင်ဘက်တစ်ယောက်ကို ဖိနှိပ်နိုင်သည့်ပုံစံဖြင့် မားမားမတ်မတ် ရပ်နေသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Donde viven las historias. Descúbrelo ahora