အခန်း(၅၈)

4.6K 828 17
                                    


အခန်း (၅၈)

ရှောင်ဟန်က ဝမ်ချင်းလင်ကို ယင်ချန်းလွေ့က ကျည်ကာကားကို ခေါ်လာနေပြီဖြစ်သည့်အတွက် အတတ်နိုင်ဆုံး ပြင်ဆင်ထားရန် ပြောပြလိုက်သည်။

ဝမ်ချင်းလင်က ရက်ပေါင်းများစွာ ပျောက်နေသော ယင်ချန်းလွေ့ကို စောင့်နေသည်။ ယင်ချန်းလွေ့ လွတ်မြောက်သွားသည်ဟု ထင်သော်လည်း စစ်သားများကို ကယ်ဆယ်ဖို့ ပြန်သွားမည်ဟု ထင်မထားခဲ့ပေ။

ဝမ်ချင်းလင်က ပြောလိုက်သည်

" ဘာမှ ပြင်ဆင်စရာမလိုပါဘူး။ သူ လာရဲရင် ငါလည်း သတ်ရဲတယ်"

ဝမ်ချင်းလင်၏ ခွန်အားဖြင့် သူက ယင်ချန်းလွေ့ကို သတ်မည်ဟုဆိုလျှင် အမှန်အကန် သတ်နိုင်လို့ဆိုတာကို ရှောင်ဟန် ယုံကြည်သည်။ ယင်ချန်းလွေ့ သေသွားပါက သူ့အဖိုး ယင်ကျန်းက လုံးဝ ခွင့်လွှတ်မည် မဟုတ်ပေ။ အလယ်ပိုင်း ဧရာမမြို့တော်နှင့် ဝမ်ချင်းလင်၏ ဝမ်ချန်မြို့တို့က ကမ္ဘာ့ရန်ဘက်တွေ ဖြစ်လာကြတော့မည်ဖြစ်သည်။ ထိုအရာက ရှောင်ဟန် မမြင်ချင်သည့်အရာ ဖြစ်သည်။

ဝမ်ချင်းလင်က သူ ဘာမှမပြောသည်ကို မြင်ပြီး မျက်ခုံးကို ပင့်ကာ ပြောလိုက်သည်

" မင်း ငါ့ကို မတားချင်ဘူးမလား"

ရှောင်ဟန်က ခေါင်းယမ်းပြကာ ပြောလိုက်သည်

" ငါ မင်းကို မတားပါဘူး"

အလယ်ပိုင်း ဧရာမမြို့တော်နှင့် ဝမ်ချင်းလင်ကြားမှ အမုန်းတရားများကို ဖြေရှင်းနိုင်ဖို့အတွက် အမုန်းတရား ပစ်မှတ်ကို ပြောင်းလဲရုံသာ လုပ်နိုင်သည်။ ရှောင်ဟန်က လူသားအချင်းချင်း သတ်ဖြတ်သည်ကို ကြည့်နေမည့်အစား လူသားနှင့် ဝမ်ချင်းလင်ကို ကမ္ဘာ့ရန်ဘက် ဖြစ်သွားစေချင်သည်။

ရှောင်ဟန်က ပြောလိုက်သည်

" မင်း ငါ့ကို နောက်ထပ် ကုသပေးလို့ ရမလား။ မနက်ဖြန် ငါ နည်းနည်းဝေးတဲ့နေရာကို သွားရမှာမလို့"

ဝမ်ချင်းလင်က သူ့လည်ပင်းကို ကြည့်လိုက်သည့်အခါ အဆိပ်က ထွက်ပေါ်မလာသေးပေ။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now