အခန်း (၅၁)
သူတို့နှစ်ယောက် ပြန်လာသည့်အခါ သူလောင်တ၏ ခန္ဓာကိုယ်တစ်ခုလုံး မူမမှန်သည်ကို ကျိရုန် သိလိုက်ရသည်။
ရှောင်ဟန်က ပြောလိုက်သည်
" ငါတို့လည်း မင်းနဲ့အတူ သွားမယ်။ ဟယ်လင်းတို့က ပြန်မလာသေးဘူး။ အဲဒါကြောင့် စောင့်နေလည်း အပိုပဲ"
ကျိရုန် "..."
ဟယ်လင်းနဲ့ ရှစ်ချုံးတို့ ဒုက္ခရောက်နေနိုင်တယ်လို့ ပြောတာက ဘယ်သူလဲ။ အခုတော့ " စောင့်နေတာ"က အလုပ်များ သလိုလိုနဲ့ ပြောနေပြန်ပြီ
ဝမ်ချင်းလင်က မကန့်ကွက်ပေ။ လူနှစ်ယောက် ပိုပါလာလျှင် သန္ဓေပြောင်းရိက္ခာများနှင့် တိရစ္ဆာန်များကို များများပိုပြီး ဖမ်းနိုင်လိမ့်မည်။
သူတို့၏ ကုန်ကားပေါ်တွင် ကြိုးများစွာနှင့် လှောင်အိမ်များ ပါရှိသည်။
ကျိရုန်နှင့် ရှောင်ဟန်က ကုန်ကားကြီးနောက်မှ ကားကို မောင်းနှင်ကာ မြို့ထဲမှ မောင်းထွက်သွားသည်။
ကျိရုန်က ရှောင်ဟန်၏ အာရုံကို ဖမ်းစားနိုင်ဖို့အတွက် အသံပေးလိုက်ပြီး မျက်လုံးမှိတ်ပြကာ မေးလိုက်သည်
" လောင်တ ဘာတွေဖြစ်နေတာလဲ"
ရှောင်ဟန်က ထိုင်ခုံကို မှီထားကာ သူတို့ရှေ့ရှိ ကုန်ကားကြီးကို ကြည့်ပြီး အားနည်းစွာဖြင့် ပြောလိုက်သည်
" ငါက ညစ်ပတ်ပြီးသား ဖြစ်နေပြီပဲ"
ကျိရုန်က ရုတ်တရက် ဘရိတ်ကို နင်းလိုက်သည့်အတွက် ရှောင်ဟန် ကားထဲမှ လွင့်ထွက်တော့မလိုပင် ဖြစ်သွားသည်။
" လောင်တ...."
ကျိရုန်က အကန်ခံလိုက်ရသော်လည်း လက်မလျှော့သေးပေ။
" ညစ်ပတ်တယ်ဆိုတာ ဘာကို ပြောချင်တာလဲ"
ရှောင်ဟန်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်
" ငါက ဗိုလ်ချုပ် ကိုက်တာကို ခံထားရလို့ ချင်းလင်က ငါ့ကို ညစ်ပတ်တယ်လို့ တွေးနေတယ်"
ကျိရုန် "..."
ကားကို ဖြည်းဖြည်းချင်း မောင်း၊ ပါးစပ်ကို ပိတ်ထား
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်