အခန်း (၃၁)
ကျန်းလန်က ဆေးခန်းမှ ပြန်လာသည့်အခါ ဝမ်ချင်းလင်သည် သွေးအနီမိုနီကို သွေးများဖြင့် ထပ်မံ စိုက်ပျိုးနေကြောင်း မြင်လိုက်ရသလို ဘေးနားက ကွေ့ပေါင်ကလည်း သရေတမျှားမျှား ဖြစ်နေရှာသည်။ ဘေးရှိ ပုံးနှင့် ဘေစင်တွင် သွေးအနီမိုနီများစွာ ရှိနေသည်။
ကျန်းလန် "သား ထပ်ပြီးတော့ တက်ကြွလာပြန်ပြီလား "
ပထမဆုံးတစ်ခေါက်က ဧကရီ သွေးအနီမိုနီ၊ ဒုတိယတစ်ခေါက်က အမြုတေတွေ အခုတစ်ခေါက် သွေးအနီမိုနီတဲ့လား ...
တစ်ခုခု ကိစ္စအကြီးကြီး ဖြစ်လာတာပဲ ဖြစ်မယ်
ဝမ်ချင်းလင်က ပြောလိုက်သည်
"သားတို့အခြေစိုက်စခန်းက နည်းနည်းကျယ်မနေဘူးလား။ မြို့ထဲ လူနည်းနည်းပဲရှိတာဆိုတော့ သိပ်မကောင်းဘူး "
ဝမ်ကျန်းက သွေးအနီမိုနီ လက်ဖက်ရည်လေးကို သောက်လိုက်ရင်း " မင်းက နောက်ဆုံး လူထပ်ခေါ်ချင်စိတ်ရှိလာပြီဆိုတော့ စိုက်ထားတဲ့ သွေးအနီမိုနီတွေ ဘယ်လောက်ခံဦးမလဲ။ နေ့တိုင်း မြို့ဂိတ်ပေါက်နားမှာ ဇွန်ဘီရိုင်းတွေ သွားလာနေကြတာ "
ဝမ်ချင်းလင်က မော့ကာ " ဒီတစ်ခေါက်တော့ သွေးအနီမိုနီ ၃၀၀ စိုက်ထားတယ်။ သူတို့အားလုံးကို ရောင်းပြီးသွားပြီ "
ကျန်းလန်ကလည်း "သား ... စောင့်နေတဲ့ ဇွန်ဘီအများကြီးမရှိဘူးဆိုတော့ အမေတို့ အတင်းကျပ် လုပ်လို့ မဖြစ်ဘူး "
ဝမ်ချင်းလင် "နန်းချန်ရဲ့ ဘော့စ်တစ်ယောက်အနေနဲ့ သူတို့ကို ဝိညာဉ်အထိ ထိသွားစေမဲ့ ပြင်းထန်တဲ့ လှုံဆော်မှုမျိုး ပေးဖို့လိုတယ် "
ဤည၌ ဝမ်ချင်းလင်၏ စိတ်စွမ်းအား အသုံးပြုမှု စတင်ကာ စိတ်ရှုပ်ထွေးနေသည့် ဇွန်ဘီအများစုက သူတို့ဘဝမှာ ဖြစ်ကတတ်ဆန်းနိုင်နေကြောင်း သိလာကြပြီး မြင့်မားသည့် အနေအထားသို့ ရောက်လိုသောကြောင့် ဇွန်ဘီယဉ် အခြေစိုက်စခန်းဆီ သွားကာ အမြင့်မားဆုံး အိပ်မက်ကို ဖြည့်ဆည်းလိုကြသည်။
ထိုည ဝမ်ချင်းလင်တို့ တစ်မိသားစုလုံး အလုပ်ရှပ်နေကြပြီး အမည်နာမည် မှတ်သားခြင်း၊ သွေးပို့ခြင်းနှင့် လေလွှင့် ဇွန်ဘီ အယောက် ၃၀၀ ကို ကယ်ဆယ်ပေးခြင်းတို့ လုပ်ဆောင်လိုက်ရသည်။
KAMU SEDANG MEMBACA
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Aksieng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်