အခန်း (၈၆)
ဖန်ရှန်းလုံက နောက်လှည့်ကာ သူနှင့် အချိန်အနည်းငယ်ကြာ အတူရှိခဲ့သော အဖွဲ့ဝင်များကို ပြောလိုက်သည်
" အခု ယွဲ့ရှန့်အခြေစိုက်စခန်းမှာ စားစရာ ပြတ်လပ်သွားပြီ။ ထွက်သွားဖို့၊ ထွက်မသွားဖို့ကိုတော့ ငါတို့ ဖိအားမပေးပါဘူး"
တစ်စုံတစ်ယောက်က ဖန်ရှန်းလုံနှင့် မြောင်ပို၏ အစီအစဉ်ကို မေးလိုက်သည့်အခါ မြောင်ပိုက သူတို့ ယွဲ့ရှန့်အခြေစိုက်စခန်းမှ ထွက်သွားမည်ဟု ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
အစဉ်အလာဆန့်ကျင်ချင်သည့် ယွဲ့ရှန့်လူများကလည်း သူတို့နှင့်အတူ ထွက်သွားချင်သည်မှာ အံ့ဩစရာ မကောင်းလှပေ။ သူတို့ ဘယ်ကို သွားပါစေ၊ စားစရာရှိ နေစရာရှိပါက သူတို့နောက်ကို လိုက်ဖို့ အသင့်ဖြစ်နေသည်။ တွန့်ဆုတ်တွေဝေနေသော လူတချို့လည်း ရှိသည်။ ဖန်ရှန်းလုံနှင့် မြောင်ပိုက အခြေစိုက်စခန်းအတွက် သစ္စာဖောက်များ ဖြစ်ကြလေသည်။ အခြေစိုက်စခန်းက ခေါင်းဆောင်သည် သူတို့အပေါ် ဘယ်လိုဆက်ဆံလဲဆိုတာကို အားလုံးသိထားကြသည်။
မနီးမဝေးနေရာ၌ ဒေါသထွက်နေကြသော ယွဲ့ရှန့်အခြေစိုက်စခန်းမှ လူနှစ်ထောင်ကျော်က ဇွန်ဘီများကို ရက်စက်စွာ သတ်ဖြတ်နေသည့်အတွက် ဝမ်ချင်းလင် သူတို့ကို ငကြောက်ဟု မြင်နေသည့် ထင်မြင်ချက်ကို လျော့ချသွားလေသည်။
လူတွေက တကယ်ကို ဖိအားပေးဖို့ လိုတယ်။
ကြည့်လိုက်လေ..သူတို့ရဲ့ စားစရာလည်း အခိုးခံရရော ငကြောက်တွေ မဟုတ်တော့ဘူး ... အပြင်က ဇွန်ဘီတွေကိုလည်း မကြောက်တော့ဘူး။ တစ်ယောက်ချင်း ရဲရဲရင့်ရင့်နဲ့ ထွက်လာပြီးတော့ စားစရာကို ပြန်ယူဖို့အတွက် အော်ဟစ်နေကြတယ်။
သက်ရှိလူသားတစ်ယောက်က ဒီလောက်တော့ ကြိုးစားရမှာပေါ့ ...
ဝမ်ချင်းလင်က လက်ယမ်းပြကာ ပြောလိုက်သည်
" အဖမ်းခံထားရတဲ့သူတွေကို လွှတ်ပေးလိုက်"
ကျိရုန်က ခဏတာ ရပ်တန့်လိုက်ပြီး ပြောစကားအား သေချာပြန်စဉ်းစားနေသည်။
KAMU SEDANG MEMBACA
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Aksieng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်