အခန်း (၅) : ဆာလောင်မှု
သူတို့ အိမ်ပြန်လာစဉ် ဝမ်ချင်းလင်က သူ့မိဘများ၏ အသိစိတ်ို ပြန်ပေးလိုက်သည်။
ကျန်းလန်က တစ်လျှောက်လုံး ပွစိပွစိ ပြောလာလေသည်။ ဝမ်ချင်းလင်ကား လမ်းတစ်လျှောက်လုံး နှုတ်ဆိတ်နေသည်။
သူက မေးခွန်းတစ်ခုကို စဉ်းစားနေမိ၏။
ငါက ခေါင်းဆောင် ဖြစ်လာရင် ငါ့မိဘတွေကရော ...
သူက သူတို့ကို ကြိုးစားကြည့်ခိုင်းပြီးပြီ ဖြစ်သော်လည်း သူတို့က ဇွန်ဘီအုပ်ကို မထိန်းချုပ်နိုင်ကြပေ။ သူ့မိဘများက သာမန်လူများကဲ့သို့ ဖြစ်ပြီး အသိစိတ်၊ စိတ်ခံစားချက်ရှိထားကာ ပြောနိုင်ဆိုနိုင် တွေးတောနိုင်ကြသည်။ သူတို့က အားပိုကောင်းပြီး ပိုသွက်လက်လာကြသည်။ ထိုအရာများက ပြဿနာ မဟုတ်ချေ။ အကြီးမားဆုံး ပြဿနာမှာ သူတို့က လူသားနှင့် ဆုံတွေ့မိပါက ဇွန်ဘီဗီဇ ပေါ်ထွက်လာခြင်း ဖြစ်၏။
ဤသည်က အလွန်တရာ အန္တရာယ်များလွန်းလှပြီး သူ တွေးထားသလို မဟုတ်ချေ။ သူက သူ့မိဘများအား အသိစိတ်နှင့် ဇွန်ဘီ ဖြစ်မလာစေချင်ပေ။ သူတို့စွမ်းအားက ဆင့်ကဲဇွန်ဘီနှင့် နှိုင်းယှဉ်နိုင်သော်လည်း လူသားစားသည့် မွန်းစတားများ ဖြစ်နေဆဲ မဟုတ်ပါလော။
ဝမ်ကျန်းက ကျန်းလန်ထက် ပိုတွေးမိသည်။ သူက လူသားကို မြင်လိုက်သည်နှင့် ထိန်းချုပ်မှု ပျောက်ဆုံးသွားပြီး စားဖို့သာ သိသည့် စိတ်လွတ်သွားသော မွန်းစတားတစ်ကောင် ဖြစ်လာကြောင်း နားလည်လိုက်သည်။
ဝမ်ချင်းလင်က သူတို့ ယူဆောင်လာသည့် ဆေးပစ္စည်းများနှင့် ဆေးဝါးများအား သိမ်းဆည်းပြီးနောက် မေးလိုက်သည် " အမေတို့ ဗိုက်ဆာနေလား "
ကျန်းလန်နှင့် ဝမ်ကျန်းတို့ နှစ်ယောက်လုံးက ကြည့်လိုက်ကြပြီး ဘာမှမပြောပေ။
သူတို့က အမှန်တကယ် ဆာလောင်နေကြသည်။ ပြောရလျှင် ဗိုက်ဆာလွန်းနေလေသည်။ လူသားများ ဗိုက်ဆာသည့်အခါ တောင့်ခံနိုင်ကြသော်လည်း သူတို့ဆာလောင်မှုက တောင့်ခံနိုင်သည့် အနေအထားမျိုး မဟုတ်ပေ။ သူတို့က စိတ်လွတ်သွားပြီး စားဖို့သာ သိတော့သည့်အထိ ဖြစ်သွားနိုင်သည်။
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်