အခန်း (၄၀)

4.9K 936 7
                                    


အခန်း (၄၀)

ဝမ်ချင်းလင်က အဆောက်အဦး ခေါင်မိုးပေါ်တွင် ပေါ်လာပြီး ရှောင်ဟန်လည်း အနီးမှ လိုက်ပါလာသည်။ သူက အောက်ရှိ အခြေအနေကို မြင်လိုက်သည့်အခါ ခေါင်မိုးပေါ်မှ ချက်ချင်း ပျောက်သွားပြီး ဒုတိယထပ် ပြတင်းပေါက်၌ ပေါ်လာသည်။ အဆောက်အဦးနှင့် မျက်နှာချင်းဆိုင် ပြတင်းပေါက်ဘောင်ပေါ် သေနတ်တင်လိုက်ပြီး ဇွန်ဘီအုပ်ကို ပစ်လိုက်သည်။

အောက်တွင် လူလေးယောက် ရှိနေပြီး ဇွန်ဘီအဝိုင်းခံထားရပြီး အကိုက်ခံထားရ၍ သွေးများ ထွက်နေသည်။ သို့သော်လည်း သူတို့က မသေသေးဘဲ အကူအညီတောင်းနေကြခြင်း ဖြစ်သည်။ အကယ်၍ ဝမ်ချင်းလင်သာ ဒီမှာရှိမနေပါက ရှောင်ဟန်အနေနှင့် လူများကို မကယ်နိုင်လောက်ပေ။ သူ ကယ်နိုင်လျှင်ပင် အသုံးဝင်မည် မဟုတ်ချေ။

သို့သော် ယခု မတူတော့ပေ။ ဝမ်ချင်းလင် ပါလာသည့်အတွက် လူတစ်ယောက် အသက်ရှုနေသေးသရွေ့ ဇွန်ဘီအဆိပ်ကို ဖြေပေးနိုင်ပြီး ကယ်တင်ပေးနိုင်သည်။

သေနတ်သံက ဇွန်ဘီများကို ဆွဲဆောင်လိုက်သလို ဖြစ်ကာ သူတို့အားလုံး ရှောင်ဟန်ရှိရာ ဒုတိယထပ်ဆီ ပြေးလာကြသည်။

အောက်ရှိ ဇွန်ဘီအုပ်စုက ခုန်ကာ ရှောင်ဟန်ကို ဆွဲဖို့ ကြိုးစားနေကြသည်။ ဇွန်ဘီအုပ်ကြီးက တစ်ယောက်အပေါ် တစ်ယောက် တက်ကြရင်း အပြေးအလွှား ကြိုးစားနေကြသည်။ ဇွန်ဘီတွေက ရှေ့မှ ဇွန်ဘီများပေါ် တက်ရင်း ဒုတိယထပ်ရောက်အောင် တက်နေကြသည်။ ရှောင်ဟန်က သေနတ်ကို ပြန်သိမ်းလိုက်ပြီးနောက် ဒုတိယထပ်မှ ဖြတ်ခနဲ ပျောက်ကွယ်သွားသည်။

ရှောင်ဟန်က လမ်းပေါ်တွင် ဓားကိုင်လျက် ပြန်ပေါ်လာသည်။ ဇွန်ဘီဦးခေါင်းကို ဓားဖြင့် ဖြတ်ချလိုက်၏။ အသက်ရှင်ကျန်သူ လေးယောက်က ခက်ခက်ခဲခဲ တွားသွားလာကာ ဆက်တိုက် အော်နေကြသည် "ကယ်ပါဦး ကယ်ပါဦး "

နောက်ဆုံးတွင် ဟယ်လင်းလည်း ရောက်လာသည်။

သူ ရောက်လာသည့်အခါ ရှင်ကျန်သူတစ်ယောက်အား လမ်းမထက်မှ ဆိုင်ထဲ ခေါ်သွင်းလိုက်၏။ ဆိုင်ထဲ သွားလာနေသည့် ဇွန်ဘီများကို ရှင်းထုတ်လိုက်ပြီးနောက် ရှင်ကျန်သူများကို ထည့်ထားလိုက်သည်။ နောက်ဆုံးရှင်ကျန်သူကိုတော့ ရှောင်ဟန်က ဆွဲခေါ်လာသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now