အခန်း (၈၂)
မြောင်ပိုက စိတ်ဆုံးဖြတ်ပြီးသွားသကဲ့သို့ မျက်လုံးမှိတ်ကာ ပြောလိုက်သည်
" ဝမ်ချင်းလင် ငါတို့ သဘောတူညီချက်တစ်ခုလောက် လုပ်ရင် ဘယ်လိုလဲ။ ရှန်းလုံ ဘေးကင်းဖို့အတွက် တစ်ယောက်ယောက်နဲ့ လဲလှယ်မယ်"
ဝမ်ချင်းလင်က ပြောလိုက်သည်
" မင်းလက်ထဲမှာ ငါ စိတ်ဝင်စားတဲ့သူ ရှိရဲ့လားဆိုတာ မသေချာဘူး"
မြောင်ပိုက ပြောလိုက်သည်
" မင်း စိတ်ဝင်စားမှာပါ"
ဝမ်ချင်းလင်က ပျင်းရိစွာဖြင့် ပြောလိုက်သည်
" ငါတို့ နားထောင်ကြည့်ရအောင်လေ"
မြောင်ပိုက အေးစက်သောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်
" မင်း လင်းချန်အခြေစိုက်စခန်းမှာ သွားရှာတဲ့သူကို မှတ်မိတယ်မလား"
ဝမ်ချင်းလင် တစ်စုံတစ်ခုကို သတိရသွားကာ မတ်မတ်ပင် မထိုင်နိုင်တော့ပေ။
သူ့ တုံ့ပြန်မှုကို ကြည့်လိုက်သည့်အခါ အလုပ်ဖြစ်မည်ကို သိသွားသည့်အတွက် ပြောလိုက်သည်
" မင်းရှာနေတဲ့ ဖန်ကျန်းက အခု ယွဲ့ရှန်း အခြေစိုက်စခန်းမှာ ရှိနေတယ်"
ဝမ်ချင်းလင်က မတ်တပ်ရပ်ကာ ခေါင်မိုးပေါ်မှ ခုန်ချလိုက်ပြီး မြောင်ပိုဆီ သွားကာ မျက်လုံးကို စိုက်ကြည့်ရင်း ပြောလိုက်သည်
" သူက ဖန်ကျန်းဆိုတာ သေချာရဲ့လား"
မြောင်ပိုက တွေဝေခြင်းမရှိ ပြောလိုက်သည်
" သေချာတယ်။ သူက အခြေစိုက်စခန်းမှာ ရှိတယ်။ သူ့ဆွေမျိုးတွေက ယွဲ့ရှန်းပြည်နယ်ကပဲ။ သူက သူ့ဆွေမျိုးတွေနဲ့ အတူနေဖို့လာတာ။ ငါ သူ့ကို အခြေစိုက်စခန်းထဲမှာ မြင်ခဲ့တယ်"
မြောင်ပို မလိမ်ဘူးဆိုတာကို ဝမ်ချင်းလင် သေချာမြင်နေရသည်။
ဝမ်ချင်းလင်က ပြောလိုက်သည်
" သူ တစ်ယောက်ထဲလား။ သူ့အနားမှာ အနက်ရောင်ဝတ်ရုံ ဝတ်ထားတဲ့အမျိုးသား ဒါမှမဟုတ် အရပ်ရှည်တဲ့ အမျိုးသမီးတစ်ယောက်ပါ မရှိဘူးလား"
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်