အခန်း (၁၅)

6.5K 1.1K 8
                                    

အခန်း  (၁၅) :  အန္တရာယ်

ရှောင်ဟန်နှင့် သူ့အဖွဲ့က နန်းချန်ထဲ ရက်အတော်ကြာ လှည့်လည်သွားလာနေခဲ့ကြသည်။ လမ်းတစ်လျှောက် သူတို့ခရီးကြောင်း၌ ဇွန်ဘီအုပ်၏ တားဆီးခြင်း ခံရသလို အမဲလိုက်ခြင်းလည်း ခံရလေသည်။ ယခင်က ဇွန်ဘီများ၏ ညင်သာမှုက ပျောက်ကွယ်သွားလေပြီ။

သူတို့က ဝမ်ချင်းလင် ကိစ္စကို ခဏနောက်ဆုတ်ထားခဲ့ကြသည်။ ဝမ်ချင်းလင်တွင် ဗိုင်းရပ်ခံနိုင်ရည် ရှိနေသည့် ကိစ္စကား အမှန်ဟုတ်လား၊ မဟုတ်လား မသေချာသေးပေ။ ထို့ကြောင့် အဖွဲ့က လင်းချန် အခြေစိုက်စခန်းဆီ အရင်ပြန်သွားပြီး မစ်ရှင်ပစ်မှတ်ကို ဆက်လက်ရှာဖွေဖို့ လုပ်လိုက်ကြသည်။

ဖန်ကျန်းက ထိုလူများသည် သူ့တည်နေရာ စုံစမ်းနေကြကြောင်း ကြားသည့်အခါ လင်းချန် အခြေစိုက်စခန်းမှ နန်းချန်ဆီ ရောက်ရှိလာခဲ့သည်။ ရှောင်ဟန်၏ အဖွဲ့ကလည်း နန်းချန်အထိ လိုက်ဖမ်းကြ၏။ သို့သော်လည်း ရက်များစွာ ကျော်လွန်သွားလေသည်။ ဖန်ကျန်းက နန်းချန်ထဲ မရှိတော့သလို သူတို့မျက်စိအောက်မှ ထွက်ပြေးသွားပြီဖြစ်၍ ယခု လင်းချန်အခြေစိုက်စခန်းသို့ ပြန်သွားတာသာ ဖြစ်နိုင်သည်။

ရှောင်ဟန်တို့က လင်းချန်အခြေစိုက်စခန်းအား တိတ်တဆိတ် စုံစမ်းနေကြသည်။

ဖန်ကျန်းက အလွန်အရေးကြီးလေသည်။ အကယ်၍ သူ့ခန္ဓာကိုယ်တွင် ဗိုင်းရပ်ပြီး စွမ်းရည်ရှိနေပါက လူသားမျိုးနွယ်၏ ပြဿနာမှာ ဇွန်ဘီဗိုင်းရပ်ဖြေဆေး ဖန်တီး၍ ဖြေရှင်းလိုက်နိုင်သည်။ ထို့ကြောင့် အထက်က သူတို့အဖွဲ့အား စေလွှတ်လိုက်ခြင်း ဖြစ်၏။

သို့သော်လည်း ရှောင်ဟန်၏ အဖွဲ့က ဖန်ကျန်းတစ်ယောက် ဤမျှဉာဏ်များလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့ကို ဖမ်းဖို့ ခက်လှသည်။ ထို့အပြင် သူတို့က ကပ်ဘေးခေတ်အတွင်း ကျရောက်နေသောကြောင့် တစ်ယောက်ယောက်ကို ရှာဖို့ မလွယ်လှပေ။

တစ်စုံတစ်ယောက်ကို နောက်ယောင်ခံနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ကောလဟာလများနှင့် လေလှိုင်းစကားများမှတဆင့် ဖြစ်သောကြောင့် သတင်းက အမှန်လား၊ အမှားလား ထည့်စဉ်းစားရသေးသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now