အခန်း (35)

5.1K 955 7
                                    

အခန်း (၃၅)

လူအုပ်ကြီး နန်းချန်ဆီ ရောက်လာသည့်အခါ သူတို့က အထဲမဝင်နိုင်ကြပေ။

ယင်ချန်းလွေ့က ကားထဲမှ ထွက်လာပြီး သူ့ရှေ့မှ ကားသင်္ချိုင်းကို ကြည့်လိုက်သည်။ လူသားအရိပ်အယောင်များ ထပ်ဟပ်နေသည်။ ဤသည်မှာ ဝင်ပေါက်နား ကားတွေကို ထားကာ တားဆီးထားခြင်း ဖြစ်၏။ ပြောရလျှင် လမ်းမကြီးထက်၌ ကားတစ်စီးမှ ရှိမနေဘဲ ဇွန်ဘီများနှင့်သာ ပြည့်နှက်နေသည်။

ဆရာမုန့်က ထိုအခြေအနေကို မြင်လိုက်သည်နှင့် ကားထဲမှ ထွက်လာကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် "ဒါတွေက အသိစိတ်ရှိတဲ့ ဇွန်ဘီတွေလား။ သူတို့က အရမ်းဉာဏ်ကောင်းတော့ ကားကိုတောင် တွန်းပြီး ပိတ်ထားရမယ်ဆိုတာ သိနေတာပဲ "

ယင်ချန်းလွေ့က ပြုံးကာ "ဇွန်ဘီတွေက ဉာဏ်ကောင်းတယ်လို့ ပြောမဲ့အစား နောက်က ထိန်းချုပ်တဲ့သူက ဉာဏ်ကောင်းတယ်လို့ ပြောရမယ်။ ဝမ်ချင်းလင်က ဘယ်လိုလူမျိုးလဲ တကယ် သိချင်လာပြီ "

ဆရာမုန့်က နောင်တရစွာဖြင့် "လောင်ဟယ် လိုက်မလာတာ နှမြောစရာပဲ။ မဟုတ်ရင် သူ့ကိုယ်တိုင် မြင်ရဦးမယ်။ သူ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေလိုက်မလဲ "

စိတ်စွမ်းအား ပိုင်ရှင်က အရမ်းအားကောင်းလွန်းလို့ ဇွန်ဘီတွေကိုတောင် ထိန်းချုပ်နိုင်တယ် ...

သူတို့က နန်းချန်အပြင်ပိုင်းတွင် ရပ်နေသော်လည်း ဇွန်ဘီများက ပြေးထွက်မကိုက်ကြပေ။ သူတို့က အစွန်းအဖျားနားအထိ ရောက်လာလျှင်ပင် ဇွန်ဘီများက သူတို့ကို လျစ်လျူရှုထားဆဲ ဖြစ်၏။

သူတို့ကို ဤသည်မှာ ခြေမချသင့်သည့် နန်းချန်နယ်မြေ ဖြစ်ကြောင်း ပြောနေသည်။

နန်းချန်အပြင်ဘက်တွင် ဖြစ်သမျှအရာအားလုံးက ဝမ်ချင်းလင်၏ စိတ်စွမ်းအားအောက်မှ လွတ်မသွားပေ။ သူက ရှောင်ဟန်အား ပြောလိုက်၏ " မင်းလူတွေ လာရှာတယ် "

ရှောင်ဟန်က ကြောင်သွားကာ "ကျိရုန်တို့လား "

သူ ထွက်လာခဲ့စဉ်အခါက အကြောင်းအရာကို ရှင်းပြခဲ့သည်။ ကိစ္စထူးထူးထွေထွေသာ မဟုတ်လျှင် သူ့အား နန်းချန်အထိ လာရှာကြမည် မဟုတ်ပေ။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now