အခန်း (၈၉)
စွမ်းအင်လက်နက်များအတွက် များပြားသော ဇွန်ဘီများကို သတ်ဖို့လိုသည်ဟု စဉ်းစားမိသွားသည့်အခါ ဝမ်ချင်းလင် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။ သူက ခွန်အားတိုးတက်ရန်အတွက် ဇွန်ဘီအမြုတေကို လိုအပ်ခဲ့သော်လည်း သူ ဇွန်ဘီတစ်ကောင် ဖြစ်လာပြီးနောက် ဝမ်ချင်းလင်က ဘယ်တော့မှ ဇွန်ဘီအများကြီးကို မသတ်ဖြတ်တော့ပေ။ ဗိုလ်ချုပ်နှင့် တိုက်ခိုက်သည့် အချိန်တွင် သူ့လက်ထဲတွင် သေခဲ့သော ဇွန်ဘီများက အမြင်မရှိဘဲ သူ့ကို တက်ကြွစွာ တိုက်ခိုက်ခဲ့သည့်သူများသာ ဖြစ်သည်။
အလယ်ပိုင်းဧရာမမြို့တော်မှာ အမြုတေစွမ်းအင်ကို အသုံးပြုဖို့ သင်ယူရမဲ့အစား ဆီ ထုတ်ဖော်တာကိုပဲ သင်ယူလိုက်မယ်
ဆီကွင်းပြင် ရှိသည့်နေရာကလည်း လင်းချန်မြို့နှင့် အတော်လေး အလှမ်းဝေးသည်။ ဆီအပေါ် မှီခိုရတာ ကောင်းသည့်အရာ မဟုတ်ပေ။
ဒီဇယ်ဆီ မရှိသလို အမြုတေစွမ်းအင်ကိုလည်း အသုံးပြုလို့ မရသည့်အတွက် နည်းလမ်းနှစ်လမ်းသာ ကျန်ရှိတော့သည်။
ကမ္ဘာဦး စိုက်ပျိုးနည်းလမ်းများနှင့် မြေဓာတ်စွမ်းရည်ပင် ဖြစ်သည်။
ဝမ်ချင်းလင်က မေးစေ့ကို ပွတ်ကာ မြေဓာတ်စွမ်းအား ပိုင်ရှင်များက အရမ်းအသုံးဝင်သည်ဟု တွေးတောနေသည်။ မြေပြင်ကို လှန်လိုက်သည့်နှုန်းက လယ်ထွန်စက်ထက် မြန်သည့်အတွက် ဒီဇယ်ဆီပင် မလိုပေ။ စွမ်းဆောင်နိုင်သူက ရှားပါးသည့်အတွက် ဝမ်ချင်းလင်က လယ်စိုက်ဖို့အတွက် မြေဓာတ်စွမ်းရည် ပိုင်ရှင်တစ်စုကို ငှားရမ်းလိုက်ချင်ပြီ ဖြစ်သည်။
အခုလက်ရှိတော့ စိုက်ပျိုးရေးစက်တွေနဲ့ ဒီဇယ်ဆီကို ရှာရမယ်။ ဘာမှ မရှိဘူးဆိုရင်တော့ သန္ဓေပြောင်း နွားတစ်ရှဉ်းနဲ့ လယ်ထွန်ရတော့မှာပဲ
ဝမ်ချင်းလင်က အရင်ဆုံး ပဲစေ့များကို ရိတ်သိမ်းဖို့ ပြောလိုက်သည်။ ထိုအရာများကို ခြောက်သွေ့ဖို့အတွက် ဖြန့်ထားစေပြီး မြေပြင်ပေါ်သို့ ကျနေသည့် ပဲစေ့များကို ရှစ်ချုံးအား အကူအညီတောင်းကာ မြေထဲသို့ ဝင်စေသည်။ တစ်ခါထပ်မံ မှည့်လာအောင် လုပ်သည့်အခါ သူ့အဖေ၏ ညွှန်ကြားချက်ကို သေချာလိုက်နာလိုက်သည်။ ယခုတစ်ခေါက် ပဲများက သူ့အလိုလို ကွဲထွက်သွားခြင်း မရှိဘဲ ရိတ်သိမ်းရသည့်အချိန်က ပထမတစ်ကြိမ်ထက် ပိုကြာသည်။
KAMU SEDANG MEMBACA
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Aksieng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်