အခန်း(၉၉)

2.9K 514 7
                                    


အခန်း (၉၉)

ဝမ်ချင်းလင် "ငါ လူတစ်ယောက်ကို ရှာနေတာ "

အစ်ကိုယွီက ပြုံးလိုက်ကာ " အဲဆိုရင် လူမှန်ကို ရှာတွေ့သွားတာပဲ။ ကျွန်တော်တို့ မြေကြွက်က သတင်းတွေ ရောင်းနေတာ။ လူရှာတဲ့နေရာမှာ တော်တယ်။ ဘယ်သူ့ကို ရှာချင်တာလဲ။ နာမည်က ဘာလဲ။ ပုံပန်းသွင်ပြင်ကရော ဘယ်လိုရှိလဲ "

ဝမ်ချင်းလင် " နယ်မြေ (၁)က ယင်ချန်းလွေ့ကို ရှာနေတာ။ အခု သူ ဘယ်မှာလဲ "

အစ်ကိုယွီ၏ အပြုံးတို့ အေးခဲသွားကာ " အစ်ကိုကြီး ဒါက နယ်မြေ(၆)လေ။ နယ်မြေ (၃) တစ်ခုလုံး ကြားခံနေတာ။ သွားဖို့ အဝေးကြီးပဲ။ တကယ်လို့ သိချင်ရင်တော့ လူလွှတ်စုံစမ်းပေးလို့ ရတယ်။ နှစ်ရက်အတွင်း အဖြေရမယ်။ ဘယ်လိုထင်လဲ ...

တစ်ဖက်လူရဲ့ ဇစ်မြစ်က ထူးခြားတယ်ဆိုတော့ သူ့နေရာ စုံစမ်းရတာက အသက်ကို စွန့်စားနေရသလိုပဲ။ အခကြေးငွေကတော့ နည်းမှာ မဟုတ်ဘူး။ ဒီအလုပ်အပ်ချင်ရဲ့လား "

ဝမ်ချင်းလင် " ဟင့်အင်း "

အစ်ကိုယွီ " ..."

လာနောက်နေတာလား ...

ဝမ်ချင်းလင် " သူက အခုတလော အုတ်အောင်းသောင်းနင်း ဖြစ်အောင် လုပ်သေးလား "

အစ်ကိုယွီက တုံ့ဆိုင်းစွာဖြင့် " လေလံပွဲ နှစ်ရက် ကျင်းပတာမျိုးလား။ အဲဒါကို စပွန်ဆာပေးတာ ကာနယ်ယင်လို့ ကြားထားတယ် "

ဝမ်ချင်းလင် "အဲဒါ ထည့်မတွက်ဘူး "

အတည်ပြုပြီးသွားပြီ ... ယင်ချန်းလွေ့ အသက်ရှင်ရက် ပြန်ရောက်လာတယ်

အစ်ကိုယွီ " ..."

ဒီလူက ငါ့ကို ညာနေသလိုပဲ ဒါပေမဲ့ သက်သေလည်း မရှိဘူး

ဝမ်ချင်းလင်က တစ်ခါ ထပ်ပြောလိုက်သည် "အစ်ကိုဟွေ့လို့ ခေါ်တဲ့လူကို ရှာပေး။ ဟွေ့စာလုံးက ဘယ်ဟာလဲတော့ မသိဘူး။ သူက အလယ်ပိုင်းဧရာမမြို့တော်မှာ အတော်တော့ အင်အားရှိပုံပဲ "

အစ်ကိုယွီက ဆက်မပြုံးနိုင်တော့ပေ " အစ်ကိုကြီး ဒီမြို့ထဲ အစ်ကိုဟွေ့လို့ ခေါ်တဲ့လူတွေ အများကြီးပဲလေ။ အစ်ကိုကြီးနေရာလည်း ဖြစ်ရမယ်။ စွမ်းရည်လည်း ရှိရမယ်ဆိုတော့ အားလုံးကို ရှာစေချင်တာလား။ ဆုကြေးများရင်တော့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး "

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now