အခန်း (10) - မျက်နှာပျက်ခြင်း

6.7K 1.2K 35
                                    


အခန်း (၁၀) : မျက်နှာပျက်ခြင်း

ဝမ်ချင်းလင်က အတော်ဒေါသထွက်နေသည်။

သူ့ကို သေပြီများ ထင်နေကြတာလား ...

အဲဒီဇွန်ဘီက ဗြုန်းခနဲ ထွက်လာပြီး ငါ့ညီလေးတွေကို အမိန့်ပေးနေတာလား ... ဒီတောင်ပိုင်းမြို့ရဲ့ ဘော့စ်က ဘယ်သူလဲဆိုတာ မေ့သွားပြီလား

ဇွန်ဘီအော်သံကို ဆေးခန်းမှပင် ကြားရသည်။

ကျန်းလန်က တံခါးမှ ခေါင်းလေးထွက်ကာ လှမ်းကြည့်လိုက်၏။ အသံက တောင်ဘက်ပိုင်းမှ ထွက်လာပုံရသည် "မင်းညီလေးတွေက ဘာလှုပ်ရှားမှုတွေများ လုပ်နေတာတုန်း။ သူတို့က မင်းကို အသိမပေးဘူးလား "

ဝမ်ချင်းလင် " ကျွန်တော်ရဲ့ အာဏာကို ခိုးသွားတဲ့ ဇွန်ဘီရိုင်းတစ်ကောင်က လူသားတွေကို တိုက်နေတာ "

ကျန်းလန်က ပြန်ဖြေလိုက်သည် " အဲဆို မြန်မြန် ပြန်လုလိုက်လေ။ အမေတို့က ကျင့်ဝတ်ရှိပြီး တာဝန်ယူတတ်တဲ့ ဇွန်ဘီလေးတွေလေ။ လူသားတွေကို မတိုက်ဘူး "

ဝမ်ချင်းလင်က ခေါင်းမော့ကာ သူ့အမေအား ကြည့်လိုက်သည်။

" ဟုတ်တယ်။ သားတို့က လူသားတွေကို စမတိုက်ဘူး "

သို့သော် လူသားတွေက အရင်စတိုက်လာပါက ငြိမ်ခံနေမည် မဟုတ်ပေ။ သူတို့က အရူးတွေ မဟုတ်ချေ။

ကျန်းလန်က ခေါင်းညိတ်ကာ မေးလိုက်သည် "သားရဲ့ အာဏာကို ခိုးသွားတဲ့ ဇွန်ဘီကိုရော ဖြေရှင်းပြီးပြီလား "

ဝမ်ချင်းလင်က မေးထောက်ကာ ပြောလိုက်သည် " ကျွန်တော် တောင်ပိုင်းမြို့ကနေ မောင်းထုတ်လိုက်မယ်။ သူ့ဘာသာ အရှေ့ဖြစ်ဖြစ် အနောက်ဖြစ်ဖြစ် မြောက်ပိုင်းဖြစ်ဖြစ် ကြိုက်တာသာသွား ... ကျွန်တော့ဇွန်ဘီညီလေးတွေနဲ့ လာမရှုပ်ရင် ရပြီ "

ဝမ်ချင်းလင်က သွေးအနီမိုနီ လက်တံမှ ပြုလုပ်ထားသည့် လက်ဖက်ရည် ထည့်ထားသော ခွက်ကို ကိုင်ကာ ဖြည်းဖြည်းချင်း သောက်လိုက်သည်။

" စီးပွားရေးက မကောင်းဘူး။ မင်းက လင်းမြို့ရဲ့ ဘော့စ်အဖြစ်နဲ့ ထွက်လာနိုင်ပေမဲ့ သတိလေးတစ်ချက် လွတ်သွားလိုက်တာနဲ့ အာဏာက အခိုးခံလိုက်ရရော ... ဟူး ငါတို့ အလုပ်လုပ်လို့ မကောင်းတော့ဘူး။ ဝင်ငွေအရင်းအမြစ် ရှိရမယ် "

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now