အခန်း(30)

5.8K 1K 6
                                    


အခန်း (၃၀)

ရှောင်ဟန်က ဖန်ရှန်းလုံနှင့် မြောင်ပိုကို ကြည့်လိုက်သည်။ သူတို့၏ တိတ်ဆိတ်နေမှုမှ သူတို့ အကြံအစဉ်အပေါ် ခိုင်မာမှုနှင့် အလေးထားပုံကို မြင်လိုက်ရသည်။ သူ ဘယ်လောက်ထိ ဖျောင်းဖျနေပါစေ အသုံးမဝင်ဘဲ ရွံရှာမှုနှင့် ရန်လိုစိတ်ကိုသာ ဖြစ်ပွားစေလိမ့်မည်။

ရှောင်ဟန်က သူတို့တစ်ယောက်ချင်းစီကို စိုက်ကြည့်လိုက်သည်။ ထိုနေရာတွင် တစ်ကိုယ်ကောင်းဆန်သည့်သူနှင့် မောက်မာသူများသာ များပြားနေသည်။ သူက ဝမ်ချင်းလင်ကို လူသားများနှင့် ဆန့်ကျင်ဘက်မှာ မရပ်တည်အောင် ကာကွယ်သော်လည်း သူ့ကို ဒီလိုဖြစ်အောင် တွန်းပို့နေသူက အမြဲတမ်း ရှိနေသည်။

မုတ်ဆိတ်မွေးနှင့် ခပ်ကြမ်းကြမ်းလူက မေးလိုက်သည်

" ညီအစ်ကိုလော့ ဒီလူကို သိလား"

လော့ဖုန်းကြွယ်က အားလုံးကို မိတ်ဆက်လိုက်သည်

" ငါ့ရဲ့ ညီလေး ဝမ်ချင်းလင်မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး။ အားလုံးပဲ စိတ်မတိုကြပါနဲ့"

လော့ဖုန်းကြွယ်က ဝမ်ချင်းလင်ကို တစ်ခါ ထပ်ပြီး မိတ်ဆက်ပေးလိုက်သည်

" ချင်းလင် ... ဒါက ခေါင်းဆောင်မုန့်ဟွာပဲ။ ငါ အပြင်းအထန် ဒဏ်ရာရပြီးတော့ နန်းချန်ကနေ လွတ်မြောက်ခဲ့တာ။ ကံကောင်းစွာနဲ့ ခေါင်းဆောင်မုန့်ကို တွေ့ခဲ့တာ။ မဟုတ်ရင် အခု အသက်ရှင်နေမှာ မဟုတ်တော့ဘူး"

ကျိရုန် "..."

လူမှားပြီးတော့ ကျေးဇူးတင်နေတာများလား

ခင်ဗျားညီရဲ့ ခွင့်ပြုမှုကြောင့်သာ မဟုတ်ဘူးဆိုရင် နန်းချန်မှာရှိတဲ့ ဇွန်ဘီတွေဆီကနေ လွတ်မြောက်နိုင်ပါ့မလား

လုထျန်းကျင့်က သေသွားသည်အထိ မသိခဲ့ပေ။ နန်းချန်တွင် သေသွားခဲ့သော လော့ဖုန်းကြွယ်က နန်းချန်မှ အသက်ရှင်လျက် လွတ်မြောက်လာပြီး လင်းချန် အခြေစိုက်စခန်းကို ဝင်ရောက်ခဲ့လိမ့်မည်ဟု ထင်ထားမိမည် မဟုတ်ပေ။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Tempat cerita menjadi hidup. Temukan sekarang