အခန်း (၆၄)
လော့ကျစ်က စခန်းအတွင်းပိုင်း၌ နေသောကြောင့် ဂိတ်ပေါက်နှင့် နည်းနည်းဝေးလှသည်။ သူက ဝမ်ချင်းလင် အသံကို ကြားလိုက်သည့်အချိန် တံခါးမှ ထွက်လာတော့မည်ဖြစ်သော်လည်း ဝမ်ချင်းလင်နှင့် ရှောင်ဟန်တို့က အရင်ကြိုရောက်လာကြသည်။
လော့ကျစ်က နည်းနည်း မျက်နှာပူသွားပြီး " မင်းတို့တွေ ရောက်လာပြီပဲ။ ဒီတစ်ခါ အချိန်သိပ်မရတော့ ကုသကြေးက မစုမိသေးဘူး။ ရက်နည်းနည်းလောက် ထပ်ပေးလို့ ရမလား "
"အဲအကြောင်းကို နောက်မှ ပြောကြတာပေါ့။ အခု ကျွန်တော်နဲ့ လိုက်ခဲ့ " ဝမ်ချင်းလင်က လှည့်ထွက်သွားလိုက်သည်။ သူ လှည့်ထွက်လာသည့်အခါ သူ့နောက်မှ လိုက်လာသည့် မော့ကျင်းတို့ အုပ်စုနှင့် တည့်တည့်တိုးတော့သည်။
နန်းယန်အခြေစိုက်စခန်းမှ လူများက ဝမ်ချင်းလင်နှင့် ရှောင်ဟန်ကို ဝိုင်းထားလိုက်ကြသည်။ ဝမ်ချင်းလင်ကို သူတို့ကို ကြည့်လိုက်ပြီးနောက် မော့ကျင်းကို ခပ်တန်းတန်းကြည့်လိုက်ကာ " ငါက အုပ်စုလိုက် တိုက်ရမှာကို ကြောက်မယ်များ ထင်နေလား "
" သူ နွယ်ပင်တွေ သုံးလိုက်ရင် ငရဲလို ဖြစ်မကုန်ဘူးလား "
မော့ကျင်း " ... "
မော့ကျင်းက ဝမ်ချင်းလင်၏ အင်အားသည် အံ့မခန်း ဖြစ်ကြောင်း သိထားသည်။ သူက ဝမ်ချင်းလင်နှင့် တိုက်ခိုက်မည်ဆိုလျှင် တုံးအရာ ကျပေမည်။
မော့ကျင်း "ဘယ်သူကမှ မင်းနဲ့ မတိုက်ချင်ဘူး။ မင်းလူတွေ သေသွားရတဲ့ ကိစ္စက တကယ်ကို ငါတို့နဲ့ မပတ်သတ်ဘူး ... အဲဒါကြောင့် ... "
" တကယ်လား " ဝမ်ချင်းလင်က သူ့အား ဖြတ်ပြောလိုက်သည် "ကျည်ဆံအပြည့် သေတ္တာနဲ့ သေနတ်တွေအစုံရှိရက်သားနဲ့ သူတို့က မင်းရဲ့ နန်းယန်မြို့မှာ သေနတ်တောင် မပစ်နိုင်ဘဲ သေသွားတယ်။ ပြီးတော့ သူတို့လက်နက်တွေအကုန် ပျောက်သွားတယ်။ ပြီးတော့ မင်းတို့နဲ့ မဆိုင်ဘူးတဲ့လား .... "
သေနတ်တောင် မပစ်နိုင်ဘဲ သေသွားခြင်းမှာ ခိုးကြောင်ခိုးဝှက် လုပ်ကြံခံရမှုမျိုးနှင့် ကြုံတွေ့ကြောင်း ဆိုလိုနေသည်။ ဇွန်ဘီယဉ်များက သတိကြီးပြီး သူစိမ်းများ အနားကပ်လာဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့နား သတိမထားမိဘဲ ကပ်နိုင်သည့်လူများမှာ သူတို့နှင့် သိကျွမ်းပြီးသားလူများသာ ဖြစ်ရမည်။
ŞİMDİ OKUDUĞUN
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Aksiyoneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်