အခန်း (၁၁၃)
ဗိုလ်ချုပ်ရှောင်က ချက်ချင်းမျက်မှောင်ကြုတ်ကာ မတ်တပ်ထရပ်ဖို့ ကြိုးစားလိုက်သော်လည်း မြေပြင်ပေါ် ထပ်မံလဲကျသွားသည်။
သူက သူ့ဘေးတွင်ရှိနေသော စစ်သားများကို အော်ပြောလိုက်သည်
" သေနတ်တွေ ယူလာခဲ့တော့"
မြင့်တက်လာသော မျှော်လင့်ချက် အလင်းရောင်က ထိုအချိန်အတွင်းမှာပင် ပျက်သုဉ်းသွားသည့်အတွက် လောင်ရွှယ်၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားသည်။
ရှောင်ဟန် အကိုက်ခံလိုက်ရပြီ
ရှောင်ဟန် ဒဏ်ရာရသွားပြီ
ရှောင်ဟန် ကူးစက်ခံလိုက်ရပြီ
ထိုအကြောင်းကို သိလိုက်ရခြင်းက ဗိုလ်ချုပ်ရှောင်နှင့် လောင်ရွှယ်ကို ကောင်းကင်ကြီး ပြိုကျလာသလိုမျိုး ခံစားသွားရစေသည်။
ရှောင်ဟန်က လောင်ရွှယ်၏ သား မဟုတ်သော်လည်း သူ့သားအရင်း တစ်ယောက်လိုမျိုး ဖြစ်နေပြီဖြစ်သည်။ လောင်ရွှယ်နှင့် ဗိုလ်ချုပ်ရှောင်တို့၏ ဆက်ဆံရေးက လေးနက်သည့်အတွက် ရှောင်ဟန်က အမြဲတမ်း လောင်ရွှယ်၏ လက်အောက်တွင် ရှိနေခဲ့သည်။ သူက အမြဲတမ်း လောင်ရွှယ် ဂုဏ်ယူရသူတစ်ယောက် ဖြစ်နေသည်။ သူ ဒီနေရာမှာ သေခဲ့လျှင်ပင် ရှောင်ဟန်ကို ကူးစက်ခံရတာမျိုး မဖြစ်စေချင်ပေ။
ရှောင်ဟန်၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ မရောက်ခင်မှာပင် သန္ဓေပြောင်း ကျားသားရဲ၏ မေးရိုးကို ဓားဖြင့် ထိုးလိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် ဓားရှည်က သူ့ခေါင်းကြီးကို ထိုးဖောက်ရန်အတွက် တိုလွန်းနေသည်။
သန္ဓေပြောင်း အလောင်းကောင် ကျားသားရဲက ရှောင်ဟန်၏ ခြေထောက်ကို ကိုက်ဖို့ ပြင်လိုက်သော်လည်း သေနတ်တစ်လက်က ရှောင်ဟန်၏ လက်ထဲသို့ ရုတ်တရက် ရောက်ရှိလာကာ ကျားသားရဲ၏ ခေါင်းကို ပစ်ချလိုက်သည်။
သန္ဓေပြောင်း အလောင်းကောင် ကျားသားရဲက ခေါင်းကို ယမ်းခါပြီး အော်ဟစ်နေသည်။ ခေါင်းတစ်ခုလုံး သွေးများရွှဲနေသော်လည်း မသေနိုင်သေးပေ။
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်