အခန်း(၁၃၆)

2.1K 341 3
                                    


အခန်း (၁၃၆)

ဝမ်ချန်မြို့၏ စမ်းသပ်ခန်းထဲတွင် စမ်းသပ်မှု ပရောဂျက်များအားလုံးကို ခေတ္တရပ်ဆိုင်းထားပြီး ရှောင်ဟန်ကို ကယ်တင်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေကြသည်။

ဝမ်ချင်းလင်က ထွက်မသွားပေ။ သွေးဖြစ်စေ၊ သွေးအနီမိုနီဖြစ်စေ သူ ချက်ချင်း ပေးနိုင်သည်။ သူ့သွေးက ရှောင်ဟန်ကို ဖျက်စီးမှာ မဟုတ်ဘူးဟု ယုံကြည်ထားသလို သူကိုယ်တိုင် ရှာဖွေထားသည့် သုတေသီများအပေါ်လည်း ယုံကြည်သည်။

စကားလုံးများက အဓိပ္ပာယ်မရှိဘဲ သူ သေတာကို စောင့်ကြည့်သလို ဖြစ်နေသော်လည်း ရှောင်ဟန်ကို အချုပ်အနှောင်များမှ ကင်းလွတ်စေကာ ပိုမိုသန်မာလာအောင် လုပ်ပေးနိုင်သည့်နည်းလမ်းက ထိုနည်းလမ်းတစ်ခုသာ ရှိသည်။ ဒီလိုလုပ်လိုက်သည့်အတွက် ရှောင်ဟန်လည်း မြို့တစ်မြို့အတွက်ကြောင့် သူ့ကိုယ်သူ စတေးရလောက်အောင်အထိ မရူးမိုက်တော့မှာ ဖြစ်သည်။

ရှောင်ဟန်သာ အလယ်ပိုင်းဧရာမမြို့တော်မှာ ဆက်ပြီးနေပါက သူ သေသွားနိုင်သည်ဟူသော အကြားအမြင်ကို ဝမ်ချင်းလင် ရနေပြီးသား ဖြစ်သည်။

ထိုအရာက ပြန်ပြင်လို့မရသည့်အရာ ဖြစ်သည်။

သူ ရှောင်ဟန်ကို ဘယ်တော့မှ ဒီလို ဖြစ်ခွင့်မပေးနိုင်ပေ။ ရှောင်ဟန်၏ အရာအားလုံးက သူ့အပိုင် ဖြစ်သည့်အတွက် တခြားသူများ မဆိုထားနှင့် ရှောင်ဟန်ကိုယ်တိုင်ပင် ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။

သုတေသီလက်ထောက် ထွက်လာကာ အခြေအနေကို တင်ပြလိုက်သည်

" ကာနယ်ရဲ့ အခြေအနေက အတော်လေး ဆိုးပါတယ်။ ဆရာကျူး၊ ဆရာထုံ ၊ ဆရာရှန်းနဲ့ ဆရာမင်တို့အတွက် ဒါက အချိန်ဆွဲထားရုံသက်သက်ပဲ။ သွေးက စတင်ပြီး သန္ဓေပြောင်းနေပြီ။ စွမ်းအင်က အရမ်းသန်မာတယ်။ အခုလက်ရှိမှာတော့ တတ်နိုင်သလောက် ထိန်းထားဖို့အတွက် သွေးအနီမိုနီကိုပဲ အသုံးပြုထားနိုင်မယ်။ ရပ်တန့်လို့ မရသေးတဲ့အတွက် ခန္ဓာကိုယ်ပေါက်ကွဲတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်"

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Onde histórias criam vida. Descubra agora