အခန်း(၁၁၉)

2.7K 376 10
                                    


အခန်း (၁၁၉)

ဝမ်ချင်းလင်နှင့် ရှောင်ဟန်တို့ ရောက်လာသည့်အချိန်က မှောင်ခါနီးဖြစ်သည့်အတွက် ယခု လုံးဝအမှောင်ကျနေပြီဖြစ်သည်။ သို့သော် အခုထိ သူတို့ မြို့ထဲ မဝင်နိုင်သေးပေ။

ဝမ်ချင်းလင်က ကားခေါင်မိုးပေါ်တွင် လဲလျောင်းနေရင်း တိတ်တဆိတ် ရေရွတ်နေသည်

" ဒီညသာ ကုန်သွားရင် အလယ်ပိုင်းဧရာမ မြို့တော်ထဲမှာ လူ ဘယ်လောက်များများ ကျန်လောက်လဲ"

ထိုအရာက ရှောင်ဟန် စိတ်ပူနေသည့်အရာပင် ဖြစ်သည်။ အလောင်းလူသားများနှင့် မကောင်းဆိုးဝါးများက အလယ်ပိုင်းဧရာမမြို့တော်ထဲတွင် စုဝေးနေသည့်အတွက် အလယ်ပိုင်းဧရာမမြို့တော်ထဲတွင် ရှင်းပစ်လိုက်သည်က ပိုပြီးအဆင်ပြေသည်။ သူတို့ကို အဘက်ဘက်သို့ ပျံ့နှံ့သွားလာခွင့်ပေးလိုက်ပါက ဒုက္ခများသွားနိုင်သည်။

ရှောင်ဟန်က အစောင့်နောက်တွင် ထွက်ပေါ်လာသည့်အခါ အစောင့်က ထိတ်လန့်ကြောင်အသွားမိသည်။ ကာနယ်ရှောင် ပြန်လာသည့်အတွက် အစောင့်က အပျော်လွန်သွားကာ ပြောလိုက်သည်

" ကာနယ်ရှောင် ပြန်လာလာချင်း ဗိုလ်ချုပ်က သူ့ကို လာတွေ့ပါလို့ မှာထားပါတယ်။ အခြေအနေက အလျင်လိုပါတယ်"

ရှောင်ဟန်က သူ့ကို စိုက်ကြည့်လိုက်သည်။

ဒီလောက်ထိ ထူထပ်နေတဲ့ မြို့ဂိတ်နဲ့ဆိုရင် သူ ဘယ်လိုမျိုး ဝင်ရမလဲ

ရှောင်ဟန်က ပြောလိုက်သည်

" အားလုံး မြို့ကနေ ထွက်မသွားရဘူး။ ပြန်တော့"

ထွက်ပြေးဖို့ လုပ်နေသည့် အသက်ရှင်ကျန်ရစ်သူများက ချက်ချင်း ဒေါသထွက် ပေါက်ကွဲသွားကြသည်

" အခု မြို့ထဲမှာ မကောင်းဆိုးဝါးတွေအပြည့်ပဲလေ။ ငါတို့ ပြန်သွားပြီးတော့ အသေခံရမှာလား"

" မင်းမှာ လူသားဆန်စိတ်ရော ရှိသေးရဲ့လား။ ငါတို့ကို ချောင်ပိတ်ဖမ်းချင်နေတာလား။ မင်းက မြို့ထဲမှာ သေချင်နေတာလား"

" မင်းက ငါ့တို့အတွက် တကယ်ကောင်းတဲ့သူဆိုရင် ငါတို့ကို ထွက်သွားခိုင်းလိုက်ပါ။ မင်း မကောင်းဆိုးဝါးတွေကို ရှင်းထုတ်ပြီးပြီဆိုရင် ငါတို့ပြန်လာခဲ့မယ်"

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now