မနေ့ က စာတင်ရမဲ့ရက်ကို လုံးဝကို မေ့နေတာနဲ့ ဒီနေ့ အပိုတင်ပေးလိုက်တယ်နော်
အခန်း (၇၄)
ဝမ်ချင်းလင်က အခြေစိုက်စခန်းထဲ နှစ်ရက်တာ နေခဲ့ပြီး အလောင်းလူသားများ ပိုက်ကွန်တိုးမည့်အချိန်ကို စောင့်ဆိုင်းနေသည်။ ကံဆိုးစွာဖြင့် သူ စခန်းထဲ ရှိနေသရွေ့ အလောင်းလူသားများက မလှုပ်ရှားကြပေ။ ဝမ်ချင်းလင်က သူ့ကို စောင့်ကြည့်နေသည့် မျက်လုံးများ ရှိနေလားဟု စဉ်းစားမိလိုက်သည်။ မဟုတ်ပါက တဖက်လူသည် သူ့နေရာအကြောင်း ဘယ်လိုသိနိုင်မည်နည်း။
ဝမ်ချင်းလင်က မျှားခေါ်ဖို့ ကြိုးစားလိုက်သည်။
ဝမ်ချင်းလင် " အသက်ရှင်ရက် နေနေ ... "
အကယ်၍ ကူးစက်မှု အရင်းအမြစ်ကို မရှင်းထုတ်နိုင်လျှင် ဤအလောင်းလူသားများက ပြီးပြတ်သွားမည် မဟုတ်ချေ။ ဝမ်ချင်းလင်အနေနှင့် ဖြည်းဖြည်းချင်း စောင့်ဆိုင်းနေဖို့ စိတ်မရှည်ပေ။
သူ့မိဘများက အလောင်းလူသားများကို ဖြေရှင်းရာ အတွေ့အကြုံရှိသွားသောကြောင့် ရင်ဘတ်ပုတ်ကာ စိတ်ချလို့ရကြောင်း ပြောလာသည် " စိတ်ပူမနေနဲ့။ မင်းအမေတို့က အဆင့် ၈ ဆင့်ကဲသက်ရှိကိုတောင် မကိုင်တွယ်နိုင်ပေမဲ့ အလောင်းလူသားလောက်တော့ ဖြေရှင်းနိုင်ပါတယ်။ ငါတို့ဆီသာ အပ်ထားလိုက် "
ဝမ်ချင်းလင်က အခြေစိုက်စခန်းထဲ အစီအစဉ်ချပေးလိုက်သည်။ အရာအားလုံး စီစဉ်ပေးပြီးနောက် သူက စိတ်ချလက်ချ ထွက်သွားလိုက်သည်။ သူက ရုန်ချန်ဆီ အရင်သွားကြည့်ဖို့ စဉ်းစားလိုက်၏။ ထိုကလေးမအား သူ့အတွေးများနှင့် အစီအစဉ်အကြောင်း ပြောပြဖို့ စီစဉ်ထားသည်။
သူ သိထားသလောက် အလောင်းလူသားများသည် သွေးအနီမိုနီကို ယူရန် ရောက်လာကြခြင်း ဖြစ်ပြီး ရည်မှန်းချက်က မအောင်မြင်သေးသည့်အတွက် နောက်ထပ် ထပ်ရောက်လာလိမ့်မည်။
ဝမ်ချင်းလင်က အတိအကျကို မှန်းဆနိုင်လိုက်သည်။ သူ လင်းချန်မှ ထွက်လာသည်နှင့် အလောင်းလူသားများ ထပ်ပေါ်လာသည်။ ဤတစ်ခေါက် အရေအတွက်များပြားပြီး လင်းချန်ထဲ လေးဖက်လေးတန်လုံးမှ ဝင်လာကြသည်။
BẠN ĐANG ĐỌC
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Hành độngeng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်