အခန်း(၁၃၉)

2K 333 3
                                    


အခန်း (၁၃၉)

ဌာနချုပ်ထဲရှိ လူများက အရမ်းတည်ငြိမ်နေကြသည်။

တစ်စုံတစ်ယောက်က ဝင်ရောက်ထောက်ပြလိုက်သည်

" ဝမ်ချင်းလင်သာ တကယ် လူသား မဟုတ်ဘူးဆိုရင် ဖြေဆေးနဲ့ ကာကွယ်ဆေးတွေက..."

အားလုံး၏ ဦးနှောက်များ ပေါက်ကွဲထွက်တော့မလို ဖြစ်နေသည်။

ဝမ်ချင်းလင်က လူသားမဟုတ်ဘဲ ဖြေဆေးနှင့် ကာကွယ်ဆေးက ဝမ်ချင်းလင်၏ လက်ထဲတွင် ရှိနေသည်။ ပြောရလျှင် လူသားများ၏ အသက်ကြိုးကို ဇွန်ဘီများက ချုပ်ကိုင်ထားသလို ဖြစ်နေသည်။

သူတို့ဆီမှာ မျှော်လင့်ချက်နဲ့ အနာဂတ်ဆိုတာရော ရှိသေးရဲ့လား

တစ်စုံတစ်ယောက်က တည့်တိုးပြောလိုက်သည်

" ဗိုလ်ချုပ်ရှောင် ခင်ဗျားရဲ့သားက ဝမ်ချင်းလင်နဲ့ အရမ်းရင်းနှီးတယ်လေ။ သူ လူသား ဟုတ်လား မဟုတ်ဘူးလားဆိုတာကို ရှောင်ဟန် အသိဆုံးဖြစ်မှာပဲ။ ခင်ဗျား တကယ်ကို ဘာမှမသိဘူးလား"

စွမ်းအင်အမြုတေများပါဝင်သော သေတ္တာကြီးများ ဝမ်ချန်မြို့သို့ ရောက်ရှိသွားခဲ့ပြီး တူညီသောနေ့ရက်မှာပင် သူတို့ ပြန်လာမည်ဟု ကတိပေးခဲ့သော်လည်း ရှောင်ဟန် ပြန်မလာတာ ရက်အတော်ကြာသွားလေပြီ။

တုံ့ပြန်မှုမြန်ဆန်သည့် အထက်ပိုင်းအရာရှိများက ဖြစ်နိုင်ချေကို တွေးတောပြီးပြီ ဖြစ်၏။

သူတို့ ကြောက်လန့်တကြားဖြင့် အော်ဟစ်ပြောဆိုလိုက်ကြသည်

" အစတုန်းက ဇွန်ဘီကပ်ဘေးက ယွင်ကျင့်မြို့ဆီကိုပဲ သွားနေတာပါ။ ရှောင်ဟန် စွမ်းအင်အမြုတေ သေတ္တာကြီးတွေကို ဝမ်ချန်မြို့ဆီ သယ်သွားပြီးမှ ဝမ်ချန်မြို့က ရုတ်တရက် ဇွန်ဘီတွေကို နှစ်ဖွဲ့ကွဲသွားစေပြီးတော့ ယွင်ကျင့်မြို့နဲ့ လင်းချန်မြို့ကို အချင်းချင်း ပြိုင်ဖက်တွေ ဖြစ်သွားစေတာပဲ"

" ဗိုလ်ချုပ်ရှောင် ခင်ဗျားတို့ နယ်မြေ(၃)က ဒီကိစ္စကို အစကတည်းက စီစဉ်ထားခဲ့တာလား" တစ်စုံတစ်ယောက်က ထိုနေရာမှာတင် မေးလိုက်သည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now