အခန်း (41)

4.9K 925 18
                                    


အခန်း (၄၁)

ယင်ချန်းလွေ့က ထပ်ပြောလိုက်သည် "နှမြောစရာပဲ။ အဲဒီလူသားပုံစံ မွန်းစတားလေးကို မြင်ချင်နေတာ "

ဝမ်ချင်းလင်က သူ့အား ဆက်စိုက်ကြည့်နေရင်း "မင်းက မြင်ချင်တာ မကဘူး။ လိုချင်နေတာ "

ယင်ချန်းလွေ့ " ... "

သူက ဝန်ခံလိုက်ရသည် " ပစ္စည်းကောင်းကို မလိုချင်တဲ့လူ မရှိဘူးမလား"

ဝမ်ချင်းလင်က ရှောင်ဟန်ကို စိုက်ကြည့်လိုက်သည်။

ရှောင်ဟန် " ... "

ဝမ်ချင်းလင်က တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ ရှောင်ဟန်လည်း အစပိုင်းက သွေးအနီမိုနီကို မဟားတရား လိုချင်ခဲ့ဖူးသည်။ သို့သော် သွေးအနီမိုနီ၏ အန္တရာယ်ကို တွေ့မြင်ပြီးနောက် ထပ်မပြောတော့ပေ။

ယင်ချန်းလွေ့က ပြုံးလိုက်ကာ "ကာနယ်ရှောင်ကလည်း လိုချင်နေတာလား "

ဝမ်ချင်းလင်က ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းခါလိုက်သည် "သူက အရင်က လိုချင်ခဲ့ဖူးတယ်။ အခုတော့ မလိုချင်တော့ဘူး "

ဇာတ်လမ်းကြောင်းကို သိနေသော ရှောင်ဟန်နှင့် ကျိရုန် " .... "

ကျစ် ... အဲဒီမွန်းစတားလေးက ဘယ်ကနေ ဖြစ်လာတာတုန်း ... လူသားမျိုးနွယ်ကို ဖျက်စီးပစ်ဖို့လား

ယင်ချန်းလွေ့က ရှောင်ဟန်ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။

သူက ကူးစက်နိုင်တာကို ကုသပေးနိုင်တဲ့ မွန်းစတားလေးကို မလိုချင်တော့ဘူးတဲ့လား ... သူတော့ မယုံပေါင်

ဝမ်ချင်းလင်က သူ့လူနာများကို ကြည့်လိုက်ကာ " လမ်းလျှောက်နိုင်သေးလား။ အခြေစိုက်စခန်းကို အရင်ပြန်တာ ကောင်းလိမ့်မယ်။ မဟုတ်ရင် သွေးနံ့တွေက ဇွန်ဘီတွေကို ဆွဲဆောင်နေလိမ့်မယ် "

သူက သူတို့ကို တစ်ချိန်လုံး လိုက်ကာကွယ်မပေးနိုင်ပေ။

လေးယောက်သား ဆက်မနေရဲတော့ဘဲ တစ်ယောက်နှင့် တစ်ယောက် ကူကာ ဆိုင်ထဲမှ ထွက်သွားကြသည်။

ဝမ်ချင်းလင်လည် ကျောပိုးအိတ်လွယ်ကာ နောက်မှ လိုက်သွားလိုက်၏။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now