အခန်း (43)

4.9K 930 15
                                    

အခန်း (၄၃)

ဝမ်ချင်းလင်က သူ ပြောသလို လုပ်လိုက်သည်။ ရှောင်ဟန် ဆရာမုန့်ကို ပြန်မလွှတ်မချင်း ပေါ်မလာပေ။

ရှောင်ဟန်က ဝမ်ချင်းလင်နှင့် ပတ်သတ်လာလျှင် ကူကယ်ရာမဲ့နေမိသည်။ သူက တစ်လှမ်းချင်းစီ လာနေသည်ကို ကြည့်ကာ တစ်ခုခု ပြောလိမ့်မည်ဟု ထင်ခဲ့သော်လည်း " အမြုတေတစ်ရာ" ဟု ပြောလာမည်ဟု မထင်ထားခဲ့ပေ။

ရှောင်ဟန် " ... "

ရှောင်ဟန်က သူ့နောက်လိုက်ကို ကြည့်လိုက်သည်။

ကျိရုန်က ဝမ်ချင်းလင်နောက်တွင် ရှိနေသည်။ ကျိရုန်က သူ့လက်မောင်းကို မြောက်ပြကာ အမြုတေများ ပေးချေရမည် ဖြစ်ကြောင်း ပြလိုက်သည်။

ရှောင်ဟန်က နောက်ထပ် အမြုတေ ထုတ်ပေးလိုက်ရသည်။

ကုသကြေး လက်ခံပြီးနောက် ဝမ်ချင်းလင်က ထပ်ပြောလိုက်သည် "အဲလက်ထောက်သုံးယောက်ကို ကယ်မှာလား "

ရှောင်ဟန် "သူတို့ကို ကယ်နိုင်ရင် သေချာပေါက် ကယ်ပေးမှာ"

ဝမ်ချင်းလင် "အဲဆိုရင်တော့ ကယ်နေစရာ မလိုတော့ဘူး။ သူတို့ကို ဟိုကာနယ်က ဇွန်ဘီစာကျွေးလိုက်ပြီ "

ရှောင်ဟန် " ... "

ကျိရုန် " ... "

" သောက်ခွေး ... ယင်မျိုးနွယ် အဲခွေးကောင်က တကယ်ကို လူမဟုတ်ဘူး "

ကျိရုန်က စိုးရိမ်လာကာ " လောင်တ ငါတို့ ဆရာမုန့်ကို ဘယ်လိုရှင်းပြကြမလဲ "

ရှောင်ဟန် " သူတို့လေးယောက်လုံးက ယင်ချန်းလွေ့နဲ့ ပါလာတာဆိုတော့ ကာကွယ်တာဖြစ်ဖြစ် စွန့်ပစ်တာဖြစ်ဖြစ် သူတို့အလုပ်ပဲ။ ငါက ဆရာမုန့်ကို ငါတတ်နိုင်ရင် ကယ်ပေးမယ်လို့ ကတိပေးထားတာ။ အခု ငါမှ မတတ်နိုင်တာ။ သူတို့ လိုက်လာမှ‌တော့ ပြန်သွားဖို့ မျှော်လင့်မထားသင့်တော့ဘူး"

ရှောင်ဟန်က ဝမ်ချင်းလင်ကို မေးလိုက်သည် " အခု ရဟတ်ယာဉ်နဲ့ လက်နက်တွေကို သွားကြည့်တော့မလား "

ဝမ်ချင်းလင်က တစ်ဖက်တည်းကို ကြည့်လိုက်ကာ စကားတစ်လုံးမှ မပြောပေ။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now