အခန်း(၉၄)

3.3K 528 11
                                    


အခန်း (၉၄)

ဝမ်ချင်းလင်က ခဏတာ တွေးလိုက်ပြီးနောက် တစ်ဖက်ကို လှမ်းကြည့်လိုက်သည် "ဖန်ရှန်းလုံ "

ဖန်ရှန်းလုံ၏ ကုသမှုက ပြီးဆုံးသွားလေပြီ။ သူ့ညာဘက်က ပြန်ပေါက်လာပြီ ဖြစ်၏။ သူက အသစ်ပေါက်လာသော လက်ကို ဆုပ်ချည်ဖြန့်ချည်ဖြင့် ညှိကာ ပျော်ရွှင်နေလေသည်။ သူ့နာမည် ရုတ်တရက် အခေါ်ခံလိုက်ရသည့်အခါ ကြောင်အမ်းသွားမိသည်။

မြောင်ပိုက အရင်တုံ့ပြန်လာပြီး သူ့အား တွန်းပို့ကာ " လာလာ "

ယခု ကာကွယ်ဆေး ဆယ်ခု ရှိပြီး ဖန်ရှန်းလုံက သူ့ဝေစု ရလိမ့်မည်ဟု မထင်ထားပေ။ သူက မြောင်ပိုအား ကြည့်လိုက်ပြီးနောက် တစ်ခုခု ပြောဖို့ တုံ့ဆိုင်းနေလေ၏။

ဝမ်ချင်းလင် " မြောင်ပိုက ပဋိပစ္စည်းရှိပြီးသားဆိုတော့ ထပ်သုံးဖို့ မလိုတော့ဘူး "

ဖန်ရှန်းလုံက စိတ်အေးသွားကာ စင်မြင့်ကို စိတ်အေးအေးကြည့်လိုက်သည်။

ဖန်ရှန်းလုံက ညာဘက်လက် ပြတ်ထားမှန်း အားလုံးက သိထားကြပြီး ယခုအခါ အကောင်းအတိုင်း ပြန်တွေ့လိုက်ရသည့်အခါ အံ့ဩကုန်ကြသည်။

ဝမ်ချင်းလင် " ခဏနေရင် ခင်ဗျားတို့အတွက် အလုပ်ရှိတယ်။ အခု ကာကွယ်ဆေးကို စမ်းကြည့်လိုက် "

ဖန်ရှန်းလုံက တုံ့ဆိုင်းမနေတော့ဘဲ "ကောင်းပါပြီ "

ဝမ်ချင်းလင်က လူအုပ်ကြီးကို တစ်ချက်ကြည့်ပြီးနောက် အများစုက မရင်းနှီးသော မျက်နှာများနှင့် ရင်းနှီးပြီးသားသူများကိုလည်း တွေ့လိုက်ရသည်။ မော့ကျင်းနှင့် အခြားလူများလည်း အတူတကွ ရပ်ကာ သူ့အား စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ ဝမ်ချင်းလင်က အကြည့်လွဲလိုက်ပြီး သာမန် လူလတ်ပိုင်း အမျိုးသားနှင့် အမျိုးသမီး၊ သာမန် လူငယ်နှင့် မိန်းမငယ်လေး၊ သာမန် ကောင်လေးနှင့် ကောင်မလေး၊ စွမ်းရည်ပိုင်ရှင် လူလတ် အမျိုးသား၊ အမျိုးသမီး၊ မိန်းမငယ်လေးတို့ကို ရွေးလိုက်သည်။

စမ်းသပ်မှုဆေး ဖြစ်သည့်အတွက် ရုပ်ပိုင်းဆိုင်ရာကို ထည့်စဉ်းစားရမည်။ ဖန်ရှန်းလုံကလွဲ၍ ကျန်ရှိနေသော ကိုးယောက်မှာ သူစိမ်းများသာ ဖြစ်၏။ ဝမ်ချင်းလင်က သူတို့ကို မသိသော်ငြား သူတို့က အယောက်တစ်သောင်းကြားမှ ရွေးချယ်ခံရသောကြောင့် ကံကောင်းလှသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now