အခန်း (၇) - စီးပွားရေး

6.5K 1.2K 12
                                    


အခန်း (၇) : စီးပွားရေး

ကုတ်အဖြူနှင့် ဇွန်ဘီက ဂီးဂီးဂါးဂါး လည်ချောင်းအသံ ပြုလုပ်လိုက်သည်။ သူ့လက်ထဲမှ မိန်းကလေးကို ရှေ့တွန်းပို့လိုက်ပြီးနောက် ပုတ်ရွဲနေသည့် လက်ဝါးကို ဖြန့်ကာ အမြုတေများစွာကို ထုတ်ပြလိုက်သည်။ ဝမ်ချင်းလင်ပင် အံ့အားသင့်သွားမိသည်။

ဒီဇွန်ဘီက လူသားအသိစိတ် အရိပ်အယောင် တကယ်ကြီး ရှိနေတာပဲ ...

သူက ဝမ်ချင်းလင်အား မိန်းကလေးကို အသိစိတ်ရှိလာသည့် ဇွန်ဘီ ဖြစ်လာအောင် ကူညီခိုင်းနေခြင်း ဖြစ်သည်။

ကျန်းလန် " သူတို့ကို အရင်ကြိုးစားကုကြည့်ကြတာပေါ့။ အမြုတေ မတောင်းခင် သူတို့အရင်ကောင်းလာတဲ့အထိ စောင့်ရအောင် "

ဝမ်ချင်းလင်က ရုံးခန်းမှ သွေးအနီမိုနီ နည်းနည်း ထုတ်လာကာ " စားချင်လား "

ထိုမိန်းကလေးက ဂီးဂီးလုပ်ရင်း ရှေ့တိုးလာပြီး လက်သီးအရွယ် သွေးအနီမိုနီကို ယူလိုက်သည်။ ထိုအရာမှ သွေးနံ့လေး ပျံ့လွှင့်နေသည်။

ဆေးခန်းအပြင်ဘက်တွင် အနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရတဲ့ ဇွန်ဘီများ စုဝေးနေကြသည်။ သို့သော်လည်း သူတို့က ရှေ့တိုးမလာရဲဘဲ အဝေးကနေသာ ကြည့်နေကြသည်။

ဝမ်ချင်းလင်က သူ့မိဘအခြေအနေသည် သူ့သွေးကြောင့်လား ဒါမှမဟုတ် သွေးအနီမိုနီကြောင့်လား မသည်းကွဲပေ။ သူက အနည်းငယ် စမ်းသပ်ရုံမှအပ ရွေးချယ်စရာ မရှိပေ။

ထိုမိန်းကလေးက နည်းနည်း စားလိုက်ပြီးနောက် လက်ကျန် သွေးအနီမိုနီတစ်ဝက်အား ကုတ်အဖြူနှင့် ဇွန်ဘီဆီ ပေးလိုက်သည်။ ကုတ်အဖြူနှင့် ဇွန်ဘီက အလွန်တရာ ဆာလောင်နေပုံရသည်။ သူက သွေးအနီမိုနီကို ယူလိုက်ပြီး အလုတ်ရေ အနည်းငယ်ဖြင့် အပြီးသတ်ပစ်လိုက်သည်။

သူ့မှတ်ဉာဏ်များ ပြန်ရလာသည်။ ကမောက်ကမ ဖြစ်နေသည့် ဦးနှောက်က ဖြည်းဖြည်းချင်း ရှင်းလင်းလာသည်။ မှုန်ဝေဝေအကြည့်များက ပျောက်ကွယ်သွားပြီး အသက်ဝင်မှုများ အစားထိုးဝင်ရောက်လာသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now