အခန်း(၁၀၃)

3K 474 5
                                    


အခန်း (၁၀၃)

" သူတို့က ကိုယ့်ဘာသာ ဖွံ့ဖြိုးအောင် ထောက်ပံ့ကြမယ်ဆိုတော့ အပြင်ဘက်က ကျန်းချန်မြို့အတွက် အဆင်ပြေသွားတာပေါ့ ဟုတ်တယ်မလား" ဗိုလ်ချုပ်ရှောင်က အေးစက်စက် ပြောလိုက်သည်။

ဗိုလ်ချုပ်ဟွားက ရယ်လိုက်ကာ "ဗိုလ်ချုပ်ရှောင်လောက်တော့ ဘယ်ကောင်းပါ့မလဲ။ ရွှမ်းဖုန်းမြို့က မြို့ကြီးလေ။ ဗိုလ်ချုပ်ရှောင်က သွားရဲမှတော့ ကျုပ်တို့ ကျန်းချန်မြို့က မယှဉ်နိုင်ပါဘူး "

ဗိုလ်ချုပ်ဟွားက ဗိုလ်ချုပ်ရှောင်ကို အပေါ်ယံ ချီးမွှမ်းလိုက်သော်လည်း တကယ်တမ်း ဗိုလ်ချုပ်ယင်ကို ထိုးနှက်လိုက်ခြင်း ဖြစ်သည်။

သူတို့က သီးခြားလုပ်ချင်မှတော့ မြို့ဂိတ်ပေါက်နှင့် ပိုနီးလေလေ အခွင့်လမ်းပိုသာလေလေ ဖြစ်၏။ ဟွားအင်အားစု၏ တောင်ဘက်ဂိတ် အပြင်ဘက်တွင် တစ်ချိန်က စည်ကားခဲ့ဖူးသည့် ကျန်းချန်မြို့ ရှိလေသည်။ ထိုမြို့ကို အပိုင်ရယူနိုင်သည်နှင့် ဟွားအင်အားစု၏ အင်အားက သိသိသာသာ တိုးမြင့်လာလိမ့်မည်။

ရှောင်အင်အားစု၏ မြို့အနောက်ဂိတ်သည် ရွှမ်းဖုန်းမြို့နှင့် ဆက်သွယ်ထားသည်။ ရွှမ်းဖုန်းမြို့ အရှေ့စူးစူးတွင် စီးပွားရေးနှင့် နိုင်ငံရေး အချက်အချာဖြစ်ခဲ့ဖူးသည့် ယွင်ကျင့်မြို့ ရှိလေသည်။ ယွင်ကျင့်မြို့နှင့် နီးလေလေ ပိုမို စည်ကားလေလေ ဖြစ်၏။

မိုအင်အားစုနှင့် ထိစပ်နေသည့် မြို့ကား ကျန်းချန်မြို့နှင့် ယှဉ်နိုင်သည့် ကျင်းချန်မြို့ ဖြစ်သည်။ ဒုတိယအဆင့် မြို့တစ်မြို့ ဖြစ်ပြီး ရွှမ်းဖုန်းမြို့လောက် မကောင်းသော်လည်း အတော်လေး ကောင်းနေပြီဟု ယူဆလို့ ရလေသည်။

ယင်အင်အားစု၏ မြောက်ဘက်ဂိတ်မှာ တတိယအဆင့် မြို့ဖြစ်သည့် လီချန်မြို့နှင့် ဆက်နွယ်နေသည်။ ထိုအရာကို အပိုင်သိမ်းလိုက်လျှင်ပင် နောက်အခါ တိုးတက်လာမည့် အနာဂတ် မရှိပေ။ တခြားနည်းဖြင့်ဆိုရလျှင် မြောက်ဘက်၌ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ် ရှိမနေချေ။ ရှောင်အင်အားစု၊ မိုအင်အားစုတို့၏ နေရာက ကောင်းလွန်းနေသောကြောင့် ဗိုလ်ချုပ်ယင်အနေနှင့် မြောက်ဘက်တောရိုင်းကို စောင့်ရှောက်ဖို့ မလိုလားပေ။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now