အခန်း (၆၉)
သူတို့ ဖော်ထုတ်ခံလိုက်ရသည်ကို မြင်ပြီးနောက် ဆက်လက် မပုန်းအောင်းနေတော့ဘဲ နေရာမှာတင် လွှသွားပုံ သွားပုံပြောင်းလိုက်ပြီး တစ်ယောက်ပြီး တစ်ယောက် အနီးရှိ လူများဆီ ခုန်အုပ်ကြသည်။ ရုတ်ချည်းဆိုသလို မြေပေါ်မှ သစ်သားချွန်များစွာ ထွက်လာပြီးနောက် လေထဲရှိ အလောင်းလူသားများကို ထိုးဖောက်ပစ်လိုက်သည်။ သေနတ်ပင် မပစ်လိုက်ရဘဲ သစ်သားချွန်များက ခေါင်းတည့်တည့် ထိုးဖောက်ပစ်လိုက်လေသည်။
ဝမ်ချင်းလင် "စုစုပေါင်း အလောင်းလူသား ၃၈ ယောက်ဆိုတော့ အမြုတေ ၁၉၀၀ ကျမယ်။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "
ချန်းပိုဟိန် " ... "
ဝမ်ချူး " ... "
အားလုံး " ... "
မင်းက ရှင်းတောင် မရှင်းရသေးဘဲနဲ့ တွက်ချက်ပြီးသွားပြီလား ...
အသက်ရှင်ကျန်သူ " ... "
လူများစွာက ပြန်တွေးကာ ထိတ်လန့်နေကြဆဲ ဖြစ်၏။ ဦးနှောက်ရှော့ရိုက်ခံရသည့်အလား လူသားစား မကောင်းဆိုးဝါးများကိုသာ ခေါင်းတည့်တည့် မထိုးဖောက်မိသွားလျှင် သေဆုံးမည့်လူများက သူတို့ ဖြစ်သွားနိုင်သည်။
ချန်းပိုဟိန်ကလည်း သေသပ်လှသည့် နည်းလမ်းကို ကြည့်ကာ တအံ့တဩ ဖြစ်နေမိသည်။ သူ့အသံက နည်းနည်းနေရခက်စွာဖြင့် "အကုန်ရှင်းသွားပြီတာလား "
ဝမ်ချင်းလင် "အကုန်ပဲ "
ချန်းပိုဟိန် " တကယ်လို့ နောင်မှာ ဒီလိုမျိုး ထပ်ရှိလာခဲ့တာမျိုး ... "
ဝမ်ချင်းလင်က ခဏတာ တွေးလိုက်ပြီးနောက် " အမြုတေသာ ပြင်ထားလိုက်ပါ။ ပုံမှန်ရှင်းပေးဖို့ လူလွှတ်ပေးမယ် "
ချန်းပိုဟိန်က သက်ပြင်းချလိုက်မိသည်။
ဝမ်ချင်းလင်က အသက်ရှင်ကျန်သူများကို စိုက်ကြည့်ရင်း ကြင်ကြင်နာနာ သတိပေးလိုက်သည် " ခင်ဗျားတို့ ကြိုးစားပြီးတော့ မကောင်းဆိုးဝါး ဖြစ်လာလိုက်စမ်းပါ။ အဲဒါမှ ကျွန်တော်က အမြုတေ ပိုရမှာလေ။ ခင်ဗျားတို့ မကောင်းဆိုးဝါး ဖြစ်လာဖို့ ရွေးချယ်လိုက်တာနဲ့ ဘယ်လောက်ပုန်းနေနေ တွေ့အောင်ရှာပြမယ် "
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်